Sunday, May 28, 2023
HomeLead Storyမြန်မာဘတ်စ်ကက်ဘောအသင်း အုပ်စုကျပ်တည်း ကျရောက်

မြန်မာဘတ်စ်ကက်ဘောအသင်း အုပ်စုကျပ်တည်း ကျရောက်

မြန်မာအမျိုးသားဘတ်စ်ကတ်ဘောအသင်းဟာ လာမယ့်ဆီးဂိမ်းမှာ အုပ်စုကျပ်တည်း ကျရောက်နေတာကြောင့် နောက်တဆင့်တက်ဖို့ အခက်အခဲဆုံးအခြေအနေမှာ ရှိနေပါတယ်။

မြန်မာအသင်းကျရောက်နေတဲ့ အုပ်စုမှာ ဘတ်စကတ်ဘောအင်အားကြီးနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင် စတဲ့ နိုင်ငံတွေ ပါဝင်နေခဲ့တဲ့အတွက် မြန်မာအသင်းဟာ အုပ်စုတွင်း အားအနည်းဆုံး ဖြစ်နေပါတယ်။

မြန်မာအသင်းအနေနဲ့ လက်ရှိအချိန်မှာ မလေးရှားဆီးဂိမ်း သွားရောက်ယှဉ်ပြိုင်ဖို့အတွက် ကစားသမား ၁၃ ဦးနဲ့ လေ့ကျင့်ပြင်ဆင်နေပြီးတော့ ရှုံးနိမ့်ရင်တော့ အမှတ်မကွာဖို့အတွက် အဓိကထားယှဉ်ပြိုင်ရမှာပဲဖြစ်ပါတယ်။

နာမည်ကြီးမလေးရှားနည်းပြနဲ့ လေ့ကျင်ပြင်ဆင်နေပေမယ့်လည်း ကစားသမားတွေရဲ့ ကိုယ်ခန္ဓာအရွယ်အစား ကွာဟမှုနဲ့ ကစားသမားရှားပါးမှုတွေကလည်း အောင်မြင်မှုရရှိဖို့ ရုန်းကန်နေရတာလည်း ဖြစ်ပါတယ်။

မြန်မာအမျိုးသား ဘတ်စကတ်ဘောအသင်းဟာ လက်ရှိအချိန်ထိ ဆုတံဆိပ်ဆွတ်ခူးနိုင်ခြင်း မရှိသေးသလို အောင်မြင်မှုတွေ ရရှိလာဖို့အတွက်ဆိုရင်တော့ ကျောင်းနေစဉ်အရွယ်ကတည်း ဘတ်စကတ်ဘော ကစားနည်းကို ပြန့်ပွားအောင် ကြိုးပမ်းသင့်တယ်လို့ မြန်မာအသင်းကို နည်းပြနေတဲ့ မလေးရှားနည်းပြကြီးက သုံးသပ်ပြောကြားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular