Home
မြန်မာသတင်း
ဗုံးကွဲသေဆုံးခဲ့သည့် ပြည်သူ့စစ်ခေါင်းဆောင်ကို ဗိုလ်မှူးရာထူးသုံးစွဲမှု တပ်မတော်ကန့်ကွက်
DVB
·
July 26, 2017
ကချင်ပြည်နယ်၊ မိုးမောက်မြို့ဈေးနားမှာ ဇူလိုင် ၂၂ ရက်နေ့က ဆိုင်ကယ်ဗုံးပေါက်ကွဲပြီး ပြည်သူ့စစ် ခေါင်းဆောင်တယောက် သေဆုံးခဲ့တဲ့ သတင်းမီဒီယာတွေက ရေးသားဖော်ပြရာမှာ ဗိုလ်မှူးရာထူး ခေါ်ဝေါ်သုံးစွဲခဲ့တဲ့အပေါ် တပ်မတော်က ကန့်ကွက်လိုက်ပါတယ်။ အစိုးရပိုင် ကြေးမုံသတင်းစာ အပါအဝင် စံတော်ချိန်၊ Daily Eleven၊ The Voice၊ ဒီမိုကရေစီတူဒေး၊ 7 Day စတဲ့ နေ့စဉ်ထုတ်သတင်းစာတွေနဲ့ တချို့ဂျာနယ်တွေ၊ သတင်းဌာနတွေက လဝါယန်ပြည်သူ့စစ်အဖွဲ့မှ စီးပွားရေးတာဝန်ခံ ဗိုလ်မှူးအဆင့်ရှိ လဂိုင်နော်ဆန်းလို့ သုံးနှုန်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံရှိ သတ်မှတ်ပြဋ္ဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ အညီ တရားဝင်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေမှာ ရာထူးအဆင့်တွေ သီးခြားသတ်မှတ်ခေါ်ဝေါ်သုံးစွဲခြင်းမရှိဘဲ ကြီးကြပ်ရေးအဖွဲ့၊ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်လို့သာ ခေါ်ဝေါ်သုံးစွဲတယ်လို့ တပ်မတော် ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ တပ်မတော်(ကြည်း၊ ရေ၊ လေ) စစ်မှုထမ်းတွေသာ သုံးစွဲခွင့်ရှိတဲ့ စစ်ဘက်ရာထူး၊ အဆင့်အခေါ်အဝေါ်တွေကို တခြား မသက်ဆိုင်တဲ့ အဖွဲ့အစည်းတွေက လူပုဂ္ဂိုလ်တွေ ခေါ်ဝေါ်သုံးစွဲ ရေးသားဖော်ပြတာတွေ မပြုလုပ်ဖို့ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်တွေနဲ့ အညီ မှန်ကန်စွာသုံးစွဲဖို့ လိုအပ်တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024