ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 25, 2017
ဧည့်မထ မိုးဆန်
ပြည်တွင်းပြည်ပ လက်ကား ဆန်ဈေးကွက်ကြီးဖြစ်တဲ့ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ထုတ်ပြန်ချက်အရ ပြည်ပကို တင်ပို့တဲ့ ဧည့်မထ ၂၅ မတ်တန် ဆန်ဟာ ဈေးနှုန်းအနည်းငယ် ပြန်ကျလာပါတယ်။ ဒီတပတ် ပေါက်ဈေးကတော့ ၁ အိတ်ကို ငွေကျပ် ၁၈,၀၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ကထက် ၁ အိတ်ကို ၅၀၀ ကျပ်နှုန်း ဈေးကျသွားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ပြည်ပကို တင်ပို့နှုန်းတွေ ကျသွားလို့ ဈေးကျသွားတာလို့ ကုန်စည်ဒိုင်က ပြောပါတယ်။
နှမ်းနက် (စမုံ)
မန္တလေး ကုန်စည်ဒိုင်ရဲ့ ပေါက်ဈေးနှုန်းတွေအရ နှမ်းနက်(စမုံ) ၁ အိတ်ကို ငွေကျပ် ၂၀,၀၀၀ ဈေးတက်လာပါတယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ငွေကျပ် ၁၂၅,၀၀၀ ကနေ ၁၃၀,၀၀၀ ကျပ်ကြား ပေါက်ဈေးရှိနေပါတယ်။
ပဲဆီ (မုံရွာ)
မုံရွာဒေသထွက် ပဲဆီ ၁ ပိဿာကို ၂၀၀ ကျပ် ဈေးတက်သွားပြီး ဒီနေ့ပေါက်ဈေးက ငွေကျပ် ၄,၅၀၀ ပေါက်ဈေး ရှိနေပါတယ်။
ကြက်သွန်ဖြူ (အောင်ပန်း)
အောင်ပန်း တောင်ကြီးဒေသထွက် ကြက်သွန်ဖြူ ၁ ပိဿာကို ၁၀၀ ကျပ် ဈေးတက်သွားပြီး ဒီကနေ့ ပေါက်ဈေးက ငွေကျပ် ၂,၁၅၀ ကျပ် ဖြစ်ပါတယ်။ ဒီကနေ့မှာ ပြည်ပကို တင်ပို့တဲ့ ပဲတွေရော ပြည်တွင်းမှာ စားသုံးတဲ့ ပဲတွေပါ မနေ့ကထက် ဈေးကျနေတာကို တွေ့ရပါတယ်။
မတ်ပဲ
အိန္ဒိယကို တင်ပို့တဲ့ မတ်ပဲ ဈေးတွေကတော့ ၁ တန်ကို ၂၀,၀၀၀ ကျပ်ကျော် ဈေးကျသွားပါတယ်။ ဒီနေ့ပေါက်ဈေးက ၁ တန်ကို ငွေကျပ် ၇၃၃,၄၀၀ ကျပ် ဖြစ်ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်း ၁ ပိဿာကို ၄၀၀ ကျပ်ကျော် ဈေးကျသွားပါတယ်။ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၁,၅၃၀ ဖြစ်ပါတယ်။
ပဲစင်းငုံ (RC)
ပဲစင်းငုံ နီ (RC) က ၁ တန်ကို ငွေကျပ် ၅၇၅,၀၀၀ ပေါက်ဈေးရှိပြီး ၁၀,၀၀၀ ကျပ်ကျော် ဈေးကျသွားပါတယ်။
ကုလားပဲလုံး
ဘုရင့်နောင် ကုန်စည်ဒိုင် ပေါက်ဈေးအရ ကုလားပဲလုံး ၁ ပိဿာကို ၂၀၀ ကျပ် ဈေးကျသွားပါတယ်။ ဒီကနေ့ ပေါက်ဈေးကတော့ ၁ ပိဿာကို ငွေကျပ် ၂,၇၀၀ ဖြစ်ပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA