Home
မြန်မာသတင်း
သထုံတွင် ဆိုင်ကယ်တစီးနှင့်အတူ တွေ့ရသည့် လူငယ် ၂ ဦးထံမှ WY ဆေးပြားများ ဖမ်းမိ
DVB
·
July 25, 2017
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ အနန်းကုန်းကျေးရွာ၊ အနန်းကုန်းဘုန်းကြီးကျောင်းရှေ့ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးတွင် ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁ နာရီခန့်က ဆိုင်ကယ်တစီးနဲ့အတူ ထိုင်နေတဲ့ လူငယ် ၂ ဦးဆီက WY ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တယ်လို့ သထုံခရိုင်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။ သထုံခရိုင် မှုခင်းနှိမ်နင်းရေးအကူဌာနမှ ရဲအုပ်အောင်သူက “ခုလို မိုးတွင်းကာလမှာ ခိုးမှုတွေ ဖြစ်ပေါ်နေတော့ သထုံမြို့ပေါ် ရပ်ကွက်တွေအပြင် ကျေးရွာတွေမှာလည်း သူ့အပိုင်းနဲ့သူ လှည့်ကင်းဆောင်ရွက်နေတဲ့အချိန် အနန်းကုန်းဘုန်းကြီးကျောင်းရှေ့မှာ ထိုင်နေတဲ့ လူငယ်၂ ဦးကို မသင်္ကာလို့ စစ်ဆေးတဲ့အခါ WY စာတန်းပါ ဆေးပြားတွေ ဖမ်းဆီးရမိခဲ့တာပါ။ သူတို့ကို စစ်ဆေးတဲ့အခါ ဆေးပြားတွေကို ကရင်ပြည်နယ် သံတောင်ကြီးဘက်က ဝယ်လာတယ်လို့တော့ ကနဦး စစ်ဆေးချက်အရ သိရတယ်။ ကျန်တာကတော့ ဆက်လက်ဆောင်ရွက်နေဆဲပါ”လို့ ပြောပါတယ်။ သထုံခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ နယ်မြေလှည့်ကင်း ဆောင်ရွက်နေချိန် အနန်းကုန်း ဘုန်းကြီးကျောင်းရှေ့မှာ ဆိုင်ကယ်တစီးနဲ့ လူငယ် ၂ ဦးကို မသင်္ကာလို့ စစ်ဆေးရာမှာ ဆိုင်ကယ်ပေါ် ထိုင်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်နေသူ ဇေလင်းထွန်း(၂၁-နှစ်)နဲ့ အုတ်တွင်းမြို့နယ်နေ ဟိန်းကိုအောင် (၂၂-နှစ်) တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဇေလင်းထွန်း ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီအပြာရောင် အိတ်ကပ်ထဲတွင် မားမားခေါက်ဆွဲခြောက် အိတ်နဲ့ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၇၁ ပြား၊ RUBY ဆေးလိပ်ဘူးထဲမှာ ထည့်ထားတဲ့ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၀၃ ပြား၊ စုစုပေါင်း ၄၇၄ ပြား၊ အလေးချိန် ၄၇ ဒသမ ၄ ဂရမ်ခန့်၊ ကာလတန်ဖိုး ကျပ် ၁၈၀၀၀၀၀ ကျော်ခန့် ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ ဇေလင်းထွန်းနဲ့ ဟိန်းကိုအောင်တို့ နှစ်ဦးကို သိမ်ဆိပ်နယ်မြေရဲစခန်းမှ မယ (ပ) ၄/၂၀၁၇ ၊ မူး/စိတ်ပြောင်းပုဒ်မ ၁၅/၁၉(က)/၂၁ နဲ့ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်နေတယ်လို့ ရဲမှတ်တမ်းများအရ သိရပါတယ်။ သတင်း - ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024