ရေကျော် မီးလောင်မှု မီးရထားရဲဝန်ထမ်း လိုင်းခန်းတွဲ မီးလောင်ကျွမ်းပျက်စီး
DVB
·
July 25, 2017
ရန်ကုန် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်နဲ့ ကပ်နေတဲ့ ရေကျော် ရထားသံလမ်းဘေး မဟာသုခလမ်း၊ လွတ်လပ်ရေးရပ်ကွက်မှာ ဒီကနေ့ မနက်က မီးလောင်မှုဖြစ်ပွားပြီး မီးရထားရဲဝန်ထမ်း လိုင်းခန်းတွဲ တခု လောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။
မီးရထားရဲလိုင်းခန်းမှာ ထမင်းချက်ရာကနေ နံနက် ၁၀ နာရီခွဲလောက်မှာ Leval 2 အဆင့် မီးလောင်မှုဖြစ်ပွားပြီး နံနက် ၁၁နာရီလောက်မှာ မီးတောက်ငြှိမ်းသတ်နိုင်ခဲ့ပါတယ်။
သတင်း၊ဓာတ်ပုံ - ကိုလွင်မှိုင်း