Home
မြန်မာသတင်း
စိုက်ဘဏ်ချေးငွေ လာထုတ်သည့် ကားတိမ်းမှောက်၊ ၁၇ ဦး ဒဏ်ရာရ
DVB
·
July 24, 2017
  မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် ၃၆၃/၁ နဲ့ ၂ ကြား ဇူလိုင် ၂၄ ရက် မနက် ၇ နာရီမှာ လူခင်းအုပ်စု ပျားစွဲကျေးရွာတောင်သူတွေ စိုက်ဘဏ် ချေးငွေ ထုတ်ယူဖို့လာတဲ့ ခြောက်ဘီးကားတစီး လမ်းချော်တိမ်းမှောက်တဲ့အတွက် ၁၇ ဦး ဒဏ်ရာရခဲ့ တယ်လို့ ၀မ်းတွင်းမြို့မရဲစခန်းက ပြောပါတယ်။ မန္တလေးမြို့ကနေ ရန်ကုန်မြို့ကို ဦးညွန့်ဆောင် မောင်းလာတဲ့ကား မိုးရေကြောင့် လမ်းချော်တိမ်းမှောက်ခဲ့တာပါ။ ကွန်ကရစ်လမ်း အရှေ့ဘက်ကိုကျသွားခဲ့တာဖြစ်ပြီး ISUZU-ELF အမျိုးအစား ခြောက်ဘီးကင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒုရဲအုပ်အောင်ကိုကိုက "ကားပေါ်ပါသူ အားလုံးဒဏ်ရာရတယ်။ ခေါင်းပေါက် ပွန်းပဲ့ ဖူးရောင် ဒဏ်ရာတွေရကြတယ်။ စိုက်ဘဏ်ချေးငွေ ထုတ်ယူဖို့ အဲရွာက ကား ၄ စီး ထွက်လာတယ်။ ဒီတစီးမှောက်သွားတယ်။ ဒဏ်ရာရသူ ၁၇ ဦးလုံး ဝမ်းတွင်းဆေးရုံကို ပရဟိတအသင်းကားတွေနဲ့ ပို့ပေးရတယ်"လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစန်းမှာ ယာဉ်မဆင်မခြင်ပေါ့ဆစွာ မောင်းလို့ သာမာန်/ပြင်းထန် ဒဏ်ရာရစေမှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အမှုနဲ့ ယာဉ်မောင်း ကိုညွှန့်ဆောင် ကို အမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024