Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 24, 2017
ဧည့်မထ မိုးဆန် ဝါးတန်း ကုန်စည်ဒိုင်မှာတော့ ဧည့်မထမိုးဆန်က ၁ အိတ်ကို ၂၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၂၀,၈၀၀ ပေါက်ဈေးရှိနေပါတယ်။ မြီးဒုံး မြီးဒုံးဆန်ကတော့ ဒီနေ့မှာ ၁ အိတ်ကို ငွေကျပ် ၂၆,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ မတ်ပဲ ဘုရင့်နောင် ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ၂၀,၀၀၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ငွေကျပ် ၇၅၃,၀၀၀ ပေါက်ဈေး ရှိနေပါတယ်။ ပဲစင်းငုံ ပဲစင်းငုံက ၁ တန်ကို ငွေကျပ် ၅၈၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၁၀,၅၀၀ ကျပ် ပေါက်ဈေးရှိပါတယ်။ နှမ်းညို မန္တလေးကုန်စည်ဒိုင်မှာတော့ နှမ်းညိုက ၁ အိတ်ကို ငွေကျပ် ၈၆,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ အိတ်ကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ စားအုန်းဆီ စားအုန်းဆီကတော့ ၁ ပိဿာကို ၁၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ၁ ပိဿာကို ငွေကျပ် ၁,၈၀၀ ပေါက်ဈေးရှိနေပါတယ်။ ကုလားပဲ v2 ပခုက္ကူ ကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ငွေကျပ် ၄၂,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တင်းကို ၂၀၀ ကျပ် ဈေးတက်လာပါတယ်။ စီပီပြောင်း လားရှိုး ကုန်စည်ဒိုင်မှာတော့ စီပီပြောင်းက ၁ ပိဿာကို ၂၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ဈေးက ၅၀၀ ကျပ်ကနေ ငွေကျပ် ၅၂၀ ပေါက်ဈေးရှိနေပါတယ်။ အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။ သတင်း - AMIA

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024