Home
သတင်းဓာတ်ပုံ
မြန်မာစကားပြောတတ်သည့် အမေရိကန်ဗိုလ်လောင်း စစ်တက္ကသိုလ်သို့ လာရောက်လည်ပတ်
DVB
·
July 24, 2017
  မြန်မာစကားပြောတတ်တဲ့ အမေရိကန်နိုင်ငံသား စစ်ဗိုလ်လောင်းတဦးဟာ မြန်မာစစ်တက္ကသိုလ်ထဲကို ပထမဆုံးအကြိမ်အဖြစ် ဇူလိုင် ၁၇ ရက်နေ့က လာရောက်လည်ပတ်ခွင့် ရခဲ့ပါတယ်။ ဗိုလ်လောင်း မာဂရဟာ အမေရိကန်နိုင်ငံ၊ ဝက်စ်ပွိုင့်စစ်တက္ကသိုလ်မှဖြစ်ပြီး ခုလို လာရောက်လည်ပတ်ချိန်မှာ မြန်မာစစ်ဗိုလ်လောင်းတွေရဲ့ နေ့စဉ်ဘဝအကြောင်းတွေကို လေ့လာခွင့်ရခဲ့ပြီး အတွေ့အကြုံတွေကို အပြန်အလှန် မျှဝေပြောကြားခဲ့ကြတာပါ။ အမေရိကန်-မြန်မာ ဆက်ဆံရေးကဏ္ဍမှာ ပြည်သူမှ-ပြည်သူသို့ ဆက်ဆံရေးကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတရပ်ဖြစ်သလို အမေရိကန် စစ်တက္ကသိုလ်နဲ့ မြန်မာစစ်တက္ကသိုလ်ကြား ပထမဆုံး အလည်အပတ်ခရီးစဉ်မှာ ခုလို ပါဝင်ခွင့်ရလို့ များစွာ ဝမ်းမြောက်ရပါတယ်လို့ အမေရိကန်သံရုံးရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ်မှာ ဒီကနေ့ ဖော်ပြထားပါတယ်။  

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024