ဂိုးသမား ဒီဂီယာအနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့မှာမဟုတ်ဘဲ မန်ယူမှာပဲ ဆက်နေဖို့ ရာနှုန်းပြည့် သေချာတယ်လို့ နည်းပြ မော်ရင်ဟိုက ပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် ဒီဂီယာကို ရီးရဲလ်အသင်းက ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပါ။
မန်ယူနည်းပြ မော်ရင်ဟိုကတော့ ဒီဂီယာအနေနဲ့ ဒီရာသီမှာ အသင်းမပြောင်းဘူး ဆိုတာကို အာမခံနိုင်တယ်လို့ ပြောပါတယ်။
ရီးရဲလ်က စပိန်ဂိုးသမား ဒီဂီယာကို ခေါ်ယူဖို့ ကာလကြာရှည် ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တာပါ။
ဒီဂီယာဟာ ပြီးခဲ့တဲ့ရာသီမှာ လက်စွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရလို့ ဒုတိယဦးစားပေး ဂိုးသမား ရိုမီရို အခွင့်အရေးတွေ ရခဲ့ပါတယ်။