Home
မြန်မာသတင်း
ကားရှေ့ဘီးပေါက်ပြီး အရှိန်လွန်၍ တံတားအုတ်ဘောင်အား ၀င်တိုက်
DVB
·
July 22, 2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကတွန်ကျေးရွာတွင် ဇူလိုင် ၂၁ ရက် ညနေ ၃ နာရီလောက်က မော်လမြိုင်ကနေ သထုံကို မောင်းနှင်လာတဲ့ အိမ်စီးကားတစီးဟာ ရှေ့ဘီးပေါက် အရှိန်လွန်ပြီး အုတ်ဘောင်ကို ၀င်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ မျိုးသန့် မောင်းနှင်လာတဲ့ ယာဉ်ဟာ ရှေ့ဘီးပေါက် အရှိန်လွန်ပြီး ရန်ကုန်-မော်လမြိုင်ကားလမ်း၊ တံတားအမှတ်(၃/၁၆၅)ရဲ့ တံတားအုတ်ဘောင်ကို တိုက်မိခဲ့တာလို့ ပေါင်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ “ကားပေါ်မှာက ယာဉ်မောင်းအပါအ၀င် လူ ၃ ဦးစီးလာတာပါ။ ၂ ယောက်ကတော့ ဘာမှမဖြစ်ပါဘူး။ ၁ ယောက်ကတော့ တံတားအုတ်ဘောင်ကို ၀င်တိုက်မိတဲ့အရှိန်ကြောင့် ထိခိုက်ဒဏ်ရာရထားလို့ ပေါင်ဆေးရုံကို ပို့ဆောင်ထားပါတယ်။ ယာဉ်မောင်းကိုတော့ ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ အမှုဖွင့်သွားဖို့ ရှိပါတယ်။” လို့ ပြောပါတယ်။ ပေါင်မြို့မရဲစခန်းက ယာဉ်မောင်းမျိုးသန့်ကို ရာဇသတ်ကြီးပုဒ်မ-၃၃၈ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024