ကွင်းလယ်ကစားသမား ကော်တင်ဟိုကို ရောင်းမည်မဟုတ်ဟု လီဗာပူးပြော

918
လီဗာပူးအသင်းက ကွင်းလယ်သမား ဖိလစ်ပီ ကော်တင်ဟိုကို ရောင်းမှာ မဟုတ်ဘူးလို့ နည်းပြ ဂျာဂန် ကလော့ပ်က ပြောပါတယ်။
အသက် ၂၅ နှစ်အရွယ် ဘရာဇီး ကစားသမားဟာ လီဗာပူးမှာ ခြေစွမ်းပြ ကစားနေသူလည်း ဖြစ်ပါတယ်။
ကော်တင်ဟိုကို ပေါင် ၇၂ သန်းပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးအသင်းက ပယ်ချထား တယ်လို့လည်း ဆိုပါတယ်။
စပိန်ထိပ်သီး ဘာစီလိုနာအသင်းကလည်း ခေါ်ယူဖို့ ကြိုးစားတာတွေ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။
လီဗာပူးက သူ့ကို ပြီးခဲ့တဲ့ ဇန်န၀ါရီကမှ ၅ နှစ်စာချုပ်နဲ့ သက်တမ်းထိုးထားပါတယ်။ ကွင်းလယ်သမားဟာ ပြီးခဲ့တဲ့ ရာသီက လီဗာပူးအတွက် ၁၄ ဂိုး သွင်းယူပေးထားပါတယ်။