ခြေနှင့်လက် ဆုံးရှုံးခဲ့သော်လည်း အံ့ဖွယ် ကာယဗလစွမ်းရည်ပြနိုင်သည့် လူငယ် (ရုပ်သံ)


ခြေနှင့်လက် ဆုံးရှုံးခဲ့သော်လည်း အံ့ဖွယ် ကာယဗလစွ... တကယ်တမ်းကြိုးစားရင် မဖြစ်နိုင်တာ မရှိဘူးဆိုတာကို ဒီရုပ်သံဗွီဒီယိုဖိုင်က သက်သေပြနေပါတယ်။ နစ်ခ်ဆန်တိုနက်စ်တပ်စ်ဆိုဟာ အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်မှ အသက် ၂၁ နှစ်အရွယ် လူငယ်တဦးဖြစ်ပြီး သူဟာ လက်တဘက်နဲ့ ခြေထောက်နှစ်ဘက်စလုံး ဆုံးရှုံးထားသူတဦးပါ။ ဒါပေမယ့် လက်ရှိမှာတော့ မဆုတ်မနစ် ကြိုးစားခဲ့တဲ့ ရလဒ်အဖြစ် ကိုယ်ကာယ ကြံ့ခိုင်မှုစွမ်းရည် ပြသနိုင်သူတဦး ဖြစ်လာခဲ့ပြီး အင်တာနက်စာမျက်နှာတွေပေါ်မှာ နာမည်ကြီးနေခဲ့ပါတယ်။ သူ ကိုယ်ကာယအားကစားလေ့ကျင့်တဲ့နေရာမှာ အလေးချိန် ၁၅၂ ပေါင်ရှိတဲ့ ကားတာယာတခုကို လက်တဘက်တည်းနဲ့ မပြီး တပတ်ပြီးတပတ် လှိမ့်သယ်ဆောင်သွားခဲ့တာကို ဒီရုပ်သံဗွီဒီယိုဖိုင်ထဲမှာ တွေ့ရမှာပါ။ အနည်းဆုံး ၉ ကြိမ်ထက်မနည်း လှိမ့်သယ်ဆောင်သွားခဲ့တဲ့ သူ့ရဲ့ ကြံ့ခိုင်မှုစွမ်းရည်ဟာ တကယ့်ကို အံ့သြစရာပါ။ နစ်ခ်ဟာ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျု အင်တာနက်စာမျက်နှာပေါ်မှတဆင့် ပြန်လည်မျှဝေခဲ့တာ ဖြစ်ပါတယ်။ သူငယ်စဉ်က မျိုးဗီဇအစဉ်ပျက်ယွင်းမှုဆိုင်ရာ ရောဂါတခုကြောင့် သူ့ရဲ့ ကိုယ်လက်အင်္ဂါတွေ ကြီးထွားမှု နှောင့်နှေးခဲ့ရပြီး ခုလိုဖြစ်ခဲ့ရတာလို့ သတင်းမှာ ဖော်ပြပါတယ်။ ခုလိုအခြေအနေနဲ့ မွေးဖွားလာမှုဟာ အသက်ဆက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းနည်းပြီး မွေးဖွားလာသူ ၁၂ ဦးမှာ ၈ ဦး သေဆုံးဖို့များတယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဘဝကို အရှုံးမပေးဘဲ ကြိုးစားရပ်တည်နေတဲ့ နစ်ခ်ရဲ့ လှုပ်ရှားမှု ရုပ်သံဗွီဒီယိုဖိုင်တွေဟာ အံ့အားသင့်ဖွယ်၊ အတုယူဖွယ်အဖြစ် ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up