ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
July 21, 2017
မတ်ပဲ
ဘုရင့်နောင်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက ၁ တန်ကို ငွေကျပ် ၇၇၃,၀၀၀ ပေါက်ဈေးရှိနေပြီး ၁ တန်ကို ၅,၀၀၀ ကျပ် ဈေးတက်လာပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီနေ့မှာ ၁ ပိဿာကို ၈၀ ကျပ် ဈေးတက်လာပြီးတော့ ၁ ပိဿာကို ငွေကျပ် ၁,၈၃၀ ပေါက်ဈေးရှိနေပါတယ်။
ကုလားပဲလုံး
ကုလားပဲလုံးက ဒီနေ့မှာ ၁ ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပြီးတော့ ဒီနေ့ ပေါက်ဈေးက ၁ ပိဿာကို ငွေကျပ် ၂,၀၅၀ ပေါက်ဈေးရှိနေပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီက ဒီနေ့မှာ ၁ ပိဿာကို ၁,၁၀၀ ကျပ်ကနေ ငွေကျပ် ၁,၅၀၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာာကို ၂၅ ကျပ် ဈေးတက်လာပါတယ်။
ပဲပုတ်(ဗမာ)
မန္တလေး ကုန်စည်ဒိုင်မှာတော့ ပဲပုတ်(ဗမာ)က ၁ အိတ်ကို ၂,၀၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ အိတ်ကို ငွေကျပ် ၁၀၀,၀၀၀ ရှိပါတယ်။
ကုလားပဲ v2
ပခုက္ကူကုန်စည်ဒိုင်မှာတော့ ကုလားပဲ v2 က ၁ တင်းကို ၃၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၄၁,၈၀၀ ပေါက်ဈေး ရှိနေပါတယ်။
ပဲနောက်စိမ်း
ပဲနောက်စိမ်းကတော့ ၁ တင်းကို ၁၀၀ ကျပ် ဈေးတက်လာပြီးတော့ ဒီနေ့ပေါက်ဈေးက ၁ တင်းကို ငွေကျပ် ၃၈,၅၀၀ ပေါက်ဈေးရှိနေပါတယ်။
ထန်းလျက်
မြင်းခြံကုန်စည်ဒိုင်မှာတော့ ထန်းလျက်က ၁ ပိဿာကို ၁,၁၆၀ ကျပ်ကနေ ငွေကျပ် ၁,၂၈၀ ပေါက်ဈေးရှိနေပြီး ၁ ပိဿာကို ၂၀ ကျပ် ဈေး ကျဆင်းသွားပါတယ်။
အခု ဖော်ပြသွားတဲ့ ဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။
သတင်း - AMIA