Ford ကားကုမ္ပဏီက နှစ်စဉ် ကားအစီးရေ ရာချီပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်မည်
ပြည့်ဖြိုးကျော်
·
July 21, 2017
မြန်မာနိုင်ငံမှာ အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှပ်နှံထားတဲ့ မော်တော်ကားစက်ရုံကို တည်ဆောက်လည်ပတ်နေပြီလို့ Ford ကားကုမ္ပဏီက ကြေညာလိုက်ပါတယ်။
အမေရိကန်နိုင်ငံ အခြေစိုက် Ford ကားသစ်တွေကို ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတာ ဖြစ်ပြီး ဈေးကွက်လိုအပ်ချက်အရ ရင်းနှီးမြှုပ်နှံမှု တိုးချဲ့သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ တည်ဆောက်ထားတဲ့ ကားတပ်ဆင်ထုတ်လုပ်တဲ့စက်ရုံဟာ လူနဲ့ တပ်ဆင်ထုတ်လုပ်တာ ဖြစ်ပြီးတော့ နှစ်စဉ်အစီးရေ ရာချီပြီး ထုတ်လုပ်နိုင်တာပါ။ မြန်မာပြည်ရှိ Ford ရဲ့ ကားစက်ရုံမှာ လုပ်သား ၈၅ ဦး ခန့်ထားတယ်လို့ သိရတယ်။