Home
မြန်မာသတင်း
ပေါင်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီး
DVB
·
July 21, 2017
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ဇူလိုင်လ ၁၈ ရက်နဲ့ ၁၉ ရက်က လေပြင်းတိုက်ခတ်ခဲ့လို့ ထန်းပင်ချောင်လေးကျေးရွာရှိ လူနေအိမ် ၃ လုံးနဲ့ သဲကုန်းကျေးရွာရှိ လူနေအိမ် ၂ လုံးတို့မှာ ယိုယွင်းပျက်စီးဆုံး ရှုံးခဲ့ပါတယ်။ ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဟန်က “ဖြစ်တာက ညနေ ၅ နာရီခွဲလောက်ကပါ။ မနှစ်က ဖြစ်ခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ ဒီနှစ်ထပ်ဖြစ်တာပါ။ ပေ ၃၀၀ လောက်ပဲကွာတယ်။ ပြိုသွားတဲ့ အိမ်တွေအတွက်ကို ရွာသားတွေဘက်က တအိမ်ကို နှစ်သောင်းခွဲစီနဲ့ နိုင်သလောက် ထောက်ပံ့ပေးကြပါတယ်။ နောက်ပြီး ကရင်စာပေအဖွဲ့ကတော့ တအိမ်ကို ၅ သောင်းစီလာပြီး ထောက်ပံ့ပေးပါတယ်။ လောလောဆယ်တော့ အနီးနားက အိမ်တွေမှာ ပေးနေထားပါတယ်။ အခုအိမ်တိုင်တွေ စပြီးစိုက်နေပါတယ်။ ၂ ရက် ၃ ရက်အတွင်း အပြီးဆောက်ပေးသွားမှာပါ” လို့ ပြောပါတယ်။ ပေါင်မြို့နယ်မှာ လေပြင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ ထန်းပင်ချောင်လေးကျေးရွာအုပ်စုမှ လူနေအိမ် ၃ လုံးအတွက် ပေါင်မြို့နယ်နဲ့ သထုံခရိုင် ကက်ခြေနီတပ်ဖွဲ့တွေက ကယ်ဆယ်ရေးပစ္စည်းတွေ ထောက်ပံ့ပစ္စည်းတွေ လာရောက်ပေးအပ်ခဲ့တယ်လို့ ထန်းပင်ချောင်လေးကျေးရွာအုပ်ချုပ်ရေးရုံးက သိရပါတယ်။ လေပြင်းတိုက်ခတ်မှုဒဏ်ခံခဲ့ရတဲ့ အိမ်ထောင်စု ၅ စုမှာ ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်တွင် နေထိုင်လျှက်ရှိကာ စုစုပေါင်း ပျက်စီးဆုံးရှုံးမှုတန်ဖိုး ၃၅ သိန်းကျော်တန်ဖိုး ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။ ယူမင်းစိုး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024