Home
မြန်မာသတင်း
ကိုယ်လက်အင်္ဂါမသန်စွမ်းသူများ ကားမောင်းနိုင်တဲ့ Sword Driving Device မိတ်ဆက်ပွဲကျင်းပ
ထွန်းထွန်းသိန်း
·
July 20, 2017
ဂျပန်နိုင်ငံ KONNO CORPORATION ရဲ့အကူအညီနဲ့ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေ ခြေထောက်မလိုဘဲ ကားမောင်းနိုင်တဲ့ Sword Driving Device မိတ်ဆက်ပွဲကို ဇူလိုင် ၂၀ ရက်နေ့က ကျိုက်ဝိုင်းဘုရာလမ်းမှာရှိတဲ့ မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ရုံးမှာ ကျင်းပခဲ့ပါတယ်။ Sword Driving Device ဟာ မည်သည့်ကားကိုမဆို မောင်းနှင်နိုင်ပြီး လီဘာနဲ့ဘရိတ်စနစ်ကို လက်နဲ့လွယ်ကူစွာထိန်းချုပ်မောင်းနှင်နိုင်မယ်လို့  ကိုနိုကော်ပိုရေးရှင်း ကုမ္ပဏီက ပြောပါတယ်။ Sword Driving Device ကိုအသုံးပြုပြီး မြန်မာနိုင်ငံကခြေထောက် အင်္ဂါမသန်စွမ်း သူတွေအတွက်ကားမောင်းနှင်နိုင်ဖို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆာင်အဖွဲ့နဲ့ ကိုနိုကော်ပိုရေးရှင်းက ကူညီပေးသွားမယ်လို့ ဇူလိုင်၂၀ ရက်သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024