ဆီးဂိမ်းတွင် အသင်းလိုက်ပြိုင်ပွဲများမှ ရွှေတံဆိပ်မျှော်မှန်းသည့် ပိုက်ကျော်ခြင်းအားကစားအဖွဲ့ (ဓာတ်ပုံ)

မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ အနေနဲ့ လာမယ့်ဆီးဂိမ်းပြိုင်ပွဲမှာ အမျိုးသား အသင်းလိုက်နဲ့ အမျိုးသမီး အသင်းလိုက် ပြိုင်ပွဲတွေကနေ ရွှေတံဆိပ် ၂ ဆု ရနိုင်ဖို့ မျှော်မှန်းထားပါတယ်။ လာမယ့်ဆီးဂိမ်းမှာ ထိုင်းအသင်းအပြင် အိမ်ရှင်မလေးရှားနဲ့ တိုးတက်လာတဲ့ ဖိလစ်ပိုင်အသင်းတွေကြောင့် အခက်အခဲ ရှိနိုင်ပေမယ့် ရွှေတံဆိပ်ဆု ၂ ဆုနဲ့အတူ တခြားပြိုင်ပွဲတွေမှာလည်း ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေ ရနိုင်ဖို့ ပိုက်ကျော်ခြင်း အားကစားအဖွဲ့အနေနဲ့ မျှော်မှန်းထားတာပါ။ မြန်မာပိုက်ကျော်ခြင်းအားကစားအဖွဲ့ဟာ အမျိုးသား ၂ ယောက်တွဲ၊ ၂ ယောက်တွဲ အသင်းလိုက်၊ ၄ ယောက်တွဲ၊ အမျိုးသမီး အသင်းလိုက် ၂ ယောက်တွဲနဲ့ ၄ ယောက်တွဲ ပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီ လာမယ့် ဆီးဂိမ်းပြိုင်ပွဲကို အမျိုးသား ၁၅ ဦး၊ အမျိုးသမီး ၈ ဦး စေလွှတ်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ အခုနှစ်ဆီးဂိမ်းမှာမှ စတင်ထည့်သွင်းကျင်းပတဲ့ ၄ ယောက်တွဲပြိုင်ပွဲဟာ ကစားသမားတွေအတွက် အသစ်အဆန်း ဖြစ်နိုင်ပေမယ့် အရင်ကလည်း သဲသောင်ပြင် ပိုက်ကျော်ခြင်း ကစားဖူးတာဖြစ်လို့ အခက်အခဲ သိပ်မရှိနိုင်ဘူးလို့ ကစားသမားတွေက ဆိုထားပါတယ်။ သတင်း၊ ဓာတ်ပုံ - ထက်လူ  

More News
Up