Home
မြန်မာသတင်း
ရေးမြို့တွင် မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေလွှမ်း
DVB
·
July 20, 2017
မွန်ပြည်နယ် ရေးမြို့မှာ အခုရက်ပိုင်းမိုးရွာသည်းထန်စွာ ရွာသွန်းတဲ့တွက် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး မြို့ပေါ်ရပ်ကွက် တချို့ရှိ လူနေအိမ်တွေနဲ့ ဈေးဆိုင်ခန်းတွေမှာ ရေနစ်မြှုပ်မှု စတင်ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ဇူလိုင် ၂၀ ရက်နေ့ မနက် ၅ နာရီခွဲလောက်က ရေစတင်ဝင်ရောက်ကာ အနိမ့်ပိုင်းမှာနေတဲ့ သက်ကြီးရွယ်အိုတွေ ကလေးတွေအပြင် အိမ်မွေးတိရိစ္ဆာန်တွေပါ ယာယီရွေ့ပြောင်းနေရပါတယ်။ ရန်ကြီးအောင်ရပ်ကွက် တိုးချဲ့ကွက်သစ်နေ ရာအိမ်မှူး ဦးမောင်ဌေး က “ရေကမနက်ကတည်းက အခုဆို ၁၀ လက်မ လောက်မြင့်တက်လာပါတယ်” လို့  ပြောပါတယ်။ အခုရက်ပိုင်းမိုးရွာသွန်းမှုအားကောင်းလာလို့ ရေးမြို့နယ်အတွင်း တောင်ပြိုတာတွေနဲ့ ကျေးရွာချင်းဆက်လမ်းတွေ ရေဖြတ်ကျော်လို့ သွားလာရေး အခက်အခဲတွေနဲ့ ကြုံနေရပါတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဆိုပါ မြစ်ရေလျှံ မှုဖြစ်ပွားရာတွင် မြို့နယ်ရှိ သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ် သလို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်သွားဖို့စောင့်ကြည့်နေပြီး ဒီရက်ပိုင်း မိုးသွန်းမှုမှာ ၈ ဒသမ  ၉၈ လက်မ ဖြစ်ပြီး မိုးရေချိန်အမြင့်ဆုံးဖြစ်နေတယ်လို့ ဆိုပါတယ်။ သတင်း - နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024