Home
မြန်မာသတင်း
သာစည်မြို့နယ် ကျွဲတပ်ဆုံဂိတ်တွင် သေနတ် ၂၂ လက်ဖမ်းမိ
DVB
·
July 20, 2017
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် ကျွဲတပ်ဆုံတိုးဂိတ်မှာ ဇူလိုင် ၁၉ ရက် ည ၁၁ နာရီ လောက်က လွိုင်ကော်ဘက်ကနေ ဆင်းလာတဲ့ ကားတစ်စီးပေါ်က သေနတ် ၂၂ လက် ဖမ်းမိခဲ့တယ်လို့ သာစည်မြို့မရဲစခန်းက ပြောပါတယ်။ ကျွဲတပ်ဆုံတိုးဂိတ်မှာ တာဝန်အရ စစ်ဆေးနေစဉ် လွိုင်ကော်ကနေ မန္တလေးဘက်ကို မောင်းနှင်လာတဲ့ လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် ခွာညိုလမ်းနေ ယာဉ်မောင်း နေစိုးထွေးမင်းနဲ့ ဇနီးဖြစ်သူ စုမြတ်နှင်းတို့ လိုက်ပါစီးနင်းလာတဲ့ အနက်ရောင် Crown ကားထဲမှာ  စောင်နဲ့ ပတ်ထားတဲ့ အထုပ် ၃ ထုပ်ထဲကနေ ထိုင်းနိုင်ငံလုပ် HK-33 ကျည်ဘောက်ပါ သေနတ် အလက်၂၀၊ ဂျာမနီထုတ် AK-47 ကျည်ဘောက်မပါ ၂ လက် စုစုပေါင်း သေနတ် ၂၂ လက်ကို ဖမ်းဆီးရမိခဲ့တာပါ။ ဒီသေနတ်တွေကို မန္တလေးဘက်ပို့ဆောင် ပေးရမှာဖြစ်တယ်လို့ ယာဉ်မောင်း နေစိုးထွေးမင်းနဲ့ ဇနီးဖြစ်သူ မစုမြတ်နှင်း တို့က ထွက်ဆိုချက်ပေးကြောင်း သာစည်မြို့မ ရဲစခန်း ရဲအုပ်ရွှေနုက ပြောပါတယ်။ “အမှတ် ၁၈ မူးယစ်တပ်ဖွဲ့စုနဲ့ သာစည်ရဲတပ်ဖွဲ့ ပူပေါင်းဖမ်းဆီးပါတယ်။ HK-33 ကျည်ဘောက်ပါ သေနတ် အလက်၂၀၊ AK-47 ကျည်ဘောက်မပါ ၂ လက်၊ ပေါင်း၂၂ လက် ဖမ်းမိပါတယ်။ လင်မယား ၂ ယောက်လုံး လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် ခွာညိုလမ်းမှာ နေတယ် လို့သိရတယ်။ မန္တလေးက မောရာ  (ခ) ကျုံလျန်းဆန်းဆီ ပို့မယ်ဆိုတာ သိရတယ်။” သာစည်မြို့မရဲစခန်းမှာ အမှုအမှတ် (ပ) ၁၆၇/၂၀၁၇ နဲ့ ၁၈၇၈ ခုနှစ် လက်နက်ဥပဒေ ပုဒ်မ-၁၉(က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024