ငဝန်မြစ်ရေ ငါးသိုင်းချောင်းနှင့် သာပေါင်းတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေ
DVB
·
July 20, 2017
ငဝန်မြစ်ရေဟာ ဧရာဝတီတိုင်းဒေသကြီး ငါးသိုင်းချောင်းမြို့မှာ ၁ ပေခွဲလောက်နဲ့ သာပေါင်းမြို့မှာ ၁ လက်မလောက် မြို့ရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက်သို့ ကျော်လွန်နေတယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
နောက်လာမယ့် ၃ ရက်အတွင်း ငါးသိုင်းချောင်းမြို့မှာ ၁ ပေလောက်နဲ့ သာပေါင်းမြို့မှာ ပေဝက်လောက် ဆက်လက် တက်လာနိုင်ပြီး ယင်းမြို့တွေရဲ့ စိုးရိမ်ရေမှတ် အသီးသီးအထက် ဆက်လက်တည်ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။
မြစ်ရေကြီးမှုကြေင့် ငဝန်မြစ်တလျှောက်ရှိ မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ အထူးသတိပြု နေထိုင်ကြဖို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်။
ဓာတ်ပုံ-မိုးဇလ