Sunday, June 11, 2023
HomeLead Storyအိုင်စီစီဖလားပွဲတွင် အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို ၄ ဂိုး ၃ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

အိုင်စီစီဖလားပွဲတွင် အာဆင်နယ်က ဘိုင်ယန်မြူးနစ်ကို ၄ ဂိုး ၃ ဂိုးဖြင့် နိုင် (ရုပ်သံဟိုက်လိုက်)

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ရာသီကြို အင်တာနေရှင်နယ်ဖလား (အိုင်စီစီဖလား) ပြိုင်ပွဲအဖြစ် အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ရာ အာဆင်နယ်က ပယ်နယ်တီအဆုံးအဖြတ် အပါအဝင် ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရသွားပါတယ်။

ဘိုင်ယန်မြူးနစ်မှာ ဒီရာသီ အသစ်ခေါ်ထားတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ တိုလစ်ဆိုတို့ အပါအဝင် အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာသလို အာဆင်နယ်ကလည်း လာကာဇက်တီ၊ ကိုလာရှီနက်၊ အိုဇေးလ်၊ ဝဲလ်ဘက်၊ မွန်ရီယယ်၊ ပီတာချက် စတဲ့ အဓိက ကစားသမားတချို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။

ပွဲအစ ၉ မိနစ်မှာပဲ ဘိုင်ယန်မြူးနစ် ပယ်နယ်တီ ကန်သွင်းခွင့်ရပြီး လီဝန်ဒေါစကီးက အမှားအယွင်းမရှိ ကန်သွင်းခဲ့လို့ ဘိုင်ယန် အဖွင့်ဂိုး ရခဲ့ပါတယ်။

အာဆင်နယ်အတွက် အဖိုးတန် ချေပဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုမှာ အီဝိုဘီက သွင်းယူပေးခဲ့ပါတယ်။

သာမန်ပွဲကစားချိန်အပြီး တဂိုးစီသရေကျနေလို့ ပယ်နယ်တီကန်သွင်းပြီး အဆုံးအဖြတ်ယူရာ အာဆင်နယ်က ၃ ဂိုး ဝင်အောင်သွင်းနိုင်ပြီး ဘိုင်ယန်က ၂ ဂိုးပဲ ဝင်တဲ့အတွက် အာဆင်နယ် အနိုင်ရသွားတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular