Home
မြန်မာသတင်း
Clean Yangon Campaign  လှုပ်ရှားမှု အာဇာနည်နေ့တွင် အမှိုက်ကောက်
သူဇာလင်း
·
July 19, 2017
တတိယအကြိမ် Clean Yangon Campaign အမှိုက်ကောက် လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့က ရန်ကုန်မြို့မှာ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီအမှိုက်ကောက်အစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနနဲ့အတူ လူမှုရေးအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့ပေါင်း ၄၀ ကျော်က စုပေါင်း အမှိုက်ကောက်ကြတာ ဖြစ်ပါတယ်။ လူဦးရေ ၁၂၀၀ ပါဝင် တဲ့ Clean Yangon Campain အမှိုက်ကောက် အစီအစဉ်ကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ပြည်လမ်းတလျှောက်နဲ့ ဦးဝိစာရလမ်း၊ မပိုလမ်းနဲ့ မြေနီကုန်း ခုံးကျော်တံတား စတဲ့ စမ်းချောင်း မြို့နယ်တဝိုက်မှာ အမှိုက်ကောက်သွားမှာ ဖြစ်ပါတယ်။ Clean Yangon Campaign အနေနဲ့ ကဆုန်လပြည့်နေမှာ ရွှေတိဂုံဘုရား အနီးပတ်ဝန်းကျင်မှာ ပထမအကြိမ်နဲ့ ဇွန်လ ၁၁ ရက်နေ့မှာ မဟာဗန္ဓုလ ပန်းခြံပတ်ဝန်းကျင်အနီး ကျောက်တံတား မြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ ဒုတိယအကြိမ်အဖြစ် အမှိုက်ကောက်လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024