Home
မြန်မာသတင်း
အာဇာနည်နေ့ အခမ်းအနားရေးမြို့၌ ဂုဏ်ပြုအလေးပြု
DVB
·
July 19, 2017
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာဇာနည်ဗိမာန်မှာ နှစ် ၇၀ ပြည့်အာဇာနည်နေ့ အခမ်းအနားကို ဒီနေ့ မနက် ၈ နာရီက ဂုဏ်ပြုတပ်ဖွဲ့ဝင်တွေနဲ့အတူ ချီတက်အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။ ဂုဏ်ပြုတပ်ဖွဲ့ဝင်များဦး ဆောင်မှုနဲ့ အတူကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီး တွေကို အလေးပြုကြပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံကို တ၀က်လွှင့်ထူပြီး ၁ မိနစ်ငြိမ်သက်ကာ အလေးပြုခဲ့ကြပါတယ်။ အာဇာနည်ခေါင်းဆောင်ကြီးတွေကို ရေးမြို့နယ်လွှတ်တော်ကိုယ်စားလှယ်တွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့၊ ပါတီဝင်၊ ကျောင်းသားကျောင်းသူတွေနဲ့ ပြည်သူလူထုတို့က ဝမ်းနည်းခြင်း လွမ်းသူ့ပန်းခွေတွေနဲ့အတူ ဂုဏ်ပြု ဂါရဝပြုခဲ့ကြပါတယ်။ နေမျိုးထွဋ်(ရေး)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024