နှစ် ၇၀ ပြည့် အာဇာနည်နေ့ နိုင်ငံတော်သမ္မတ ဆွမ်းကပ်
နေဖြိုးဝင်း
·
July 19, 2017
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားမှာ နေပြည်တော် ကောင်စီဝန်းအတွင်းအရှိ ဇမ္ဗူသီရိခန်းမှာ ပြုလုပ်ခဲ့ပါတယ်။
အခမ်းအနားကို တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနဲ့ ပြည်ထောင်စုဝန်ကြီးအချို့ တက်ရောက်ကြပါတယ်။