Home
သတင်းဓာတ်ပုံ
မန္တလေးမြို့ မန္တလာတံခွန်ပန်းခြံ ဗိုလ်ချုပ်ကြေးရုပ်တွင် အာဇာနည်နေ့အခမ်းအနား ကျင်းပ
DVB
·
July 19, 2017
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် မန္တလာတံခွန်ပန်းခြံမှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်မှာ နှစ် ၇၀ ပြည့်အာဇာနည်နေ့ အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ စက်ရုံအလုပ်ရုံ ၁၄ ရုံက အလုပ်သမားတွေ၊ ကံတက်ကုန်းမစိုးရိမ် ဘုန်တော်ကြီးကျောင်းမှ ကျောင်းသူကျောင်းသာတွေ၊ မန်ယူအခမဲ့ပညာရေးကျောင်း လူမူရေးအဖွဲ့အစည်းတွေ၊ ကိုရီးယားငြိမ်းချမ်းရေးအဖွဲ့၊ တော်ဝင် ဆေးရုံမိသားစုနဲ့အတူ မန္တလေးမြို့မှ လူမှုရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးအင်အားစုတွေ၊ မြို့မိမြို့ဖတွေ၊ ကျောက်ဆည်တက္ကသိုလ် ကိုယ်စားပြုကျောင်းသားတွေ၊ စိမ်းရောင်စို ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ အမေ့အိမ် ပညာဒါနကျောင်းသူကျောင်းသားတွေအပါအ၀င် အင်အား ၁၀၀၀ ကျော် တက်ရောက် ဂါရ၀ပြုခဲ့ကြပါတယ်။ တိုင်းဒေသကြီးအစိုးရမှ တားမြစ်ခဲ့ပေမယ့်လည်း ဗိုလ်ချုပ်ရင်ပြင်ဖြစ်မြောက်ရေးအဖွဲ့အနေနဲ့ ပြည်ကြီးတံခွန်မြို့နယ်မှာ အများပြည်သူတွေဆန္ဒအရနဲ့ တရားဝင်စာတင်ထားပြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်တွေဟာ အများပြည်သူနဲ့သက်ဆိုင်တာမို့ ကျင်းပဖြစ်အောင် ကျင်းပရတာလို့ ဖြစ်မြောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ ခင်မြင့်က ပြောပါတယ်။ သတင်း၊ ဓာတ်ပုံ - အောင်အောင်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024