Sunday, May 28, 2023
HomeLead Storyနှစ် ၇၀ ပြည့် အာဇာနည်နေ့မြင်ကွင်းများ (ကရင်ပြည်နယ်၊ ဘားအံမြို့)

နှစ် ၇၀ ပြည့် အာဇာနည်နေ့မြင်ကွင်းများ (ကရင်ပြည်နယ်၊ ဘားအံမြို့)

နှစ် ၇၀ ပြည့် အာဇာနည်နေ့ အထိမ်းမှတ်ကို ကရင်ပြည်နယ် ဘားအံမြို့ အမှတ် ၃ ရပ်ကွက်မှာရှိတဲ့ အာဇာနည်ကွင်းမှာ ဒီကနေ့ မနက် ၇ နာရီက စတင်ဖွင့်လှစ်ခဲ့ပါတယ်။

မနက် ၇ နာရီမှာ အစိုးရဌာနဆိုင်ရာ တွေလာရောက် ဂါရဝအလေးပြုခဲ့ကြပြီး နောက်ပိုင်းမှာတော့ ကျောင်းသူကျောင်းသားတွေနဲ့ ဒေသခံအများပြည်သူတို့ အဖွဲ့လိုက်လာရောက် အလေးပြုခဲ့ကြ ပါတယ်။

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကတော့ ကျန်းမာရေးအခက်ခဲကြောင့် အာဇာနည်နေ့ အထိမ်းမှတ်ဂါရဝပြုပွဲကိုတော့ တက်ရောက်နိုင်ခြင်းမရှိပါဘူး။

အများပြည်သူတို့လာရောက် ဂါရဝပြုနိုင်ရန်အတွက် အခုအာဇာနည်ကုန်းကို သိန်းတစ်ထောင် ခန့်ဖြင့် ယခုနှစ်မှ ပြန်လည်ပြုပြင်တည်ဆောက်ခဲ့တာလည်း ဖြစ်ပါတယ်။

သတင်း – အောင်ကျော်

RELATED ARTICLES
- Advertisment -
Google search engine

Most Popular