မန္တလေးမြို့ မန္တလာသိရီအားကစားကွင်းတွင် နှစ် ၇၀ ပြည့် အာဇာနည်နေ့အခမ်းအနား ပြုလုပ်
DVB
·
July 19, 2017
နှစ် ၇၀ ပြည့် အာဇာနည်နေ့ အခမ်းအနားကို မန္တလေးမြို့ မန္တလာသိရီအားကစားကွင်းမှာ ဇူလိုင်လ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
အာဇာနည်နေ့ အခမ်းအနားကို တိုင်းရင်းသားလူမျိုးစုတွေနဲ့ ကျောင်းသူကျောင်းသားတွေ၊ အစိုးရအဖွဲ့ဝင်တွေ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် ဝန်ကြီးတွေ တက်ရောက်ဂါရဝ အလေးပြုခဲ့ကြပြီး လွမ်းသူ့အောက်မေ့ဖွယ်ရာ ပန်းခြင်းတွေ၊ ပန်းခွေချတာတွေ ပြုလုပ်ခဲ့ကြပါတယ်။
အခုအစိုးရလက်ထက်မှာ ဒုတိယအကြိမ်အဖြစ် မန္တလေးမြို့ မန္တလာသိရီအားကစားကွင်းမှာ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေ သိရှိဖို့နဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦးကို အလေးပြုခဲ့ကြပါတယ်။