Sunday, May 28, 2023
HomeLead Storyထိုင်ဝမ်လွှတ်တော်အတွင်း အမတ်များ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

ထိုင်ဝမ်လွှတ်တော်အတွင်း အမတ်များ ရုန်းရင်းဆန်ခတ်ဖြစ် (ရုပ်သံ)

ထိုင်ဝမ် လွှတ်တော်ထဲမှာ ဇူလိုင် ၁၈ ရက်နေ့ကလုပ်တဲ့ အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ဘဏ္ဍာရေး အစည်းအဝေးအတွင်း လွှတ်တော်အမတ်တွေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီနဲ့ အတိုက်အခံ ကူမင်တန်ပါတီတို့က လွှတ်တော်အမတ်တွေ တယောက်ကိုတယောက် မြေပေါ်လဲကျတဲ့အထိ လုံးထွေးသတ်ပုတ်ခဲ့ကြတာပါ။

တယောက်ကိုတယောက် ရေနဲ့ပက်တာ၊ ထိုးကြိတ် တွန်းဖယ်တာတွေလည်း လုပ်ခဲ့ကြပါတယ်။

လက်ရှိ အာဏာရပါတီက အငြင်းပွားစရာဖြစ်နေတဲ့ အခြေခံအဆောက်အဦ ဖွံ့ဖြိုးရေး စီမံကိန်းကို အဆိုပြုချိန်မှာ အမျိုးသားရေးဝါဒီ ကူမင်တန်ပါတီက ကန့်ကွက်ရင်း သဘောမတူ ဖြစ်ခဲ့ကြတာပါ။

ဒီစီမံကိန်းဟာ ထိုင်ဝမ်ကျွန်းတလျှောက် ရထားလမ်းကွန်ရက် တည်ဆောက်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular