Home
မြန်မာသတင်း
ဆိုးရွားသည့်ရာသီဥတုကြောင့် Y-8 လေယာဉ်ပျက်ကျရဟု တပ်မတော်ကြေညာ
DVB
·
July 19, 2017
  တပ်မတော် ပို့ဆောင်ရေး လေယာဉ် Y-8 ပျက်ကျရတာဟာ  ဆိုးရွားတဲ့ရာသီဥတုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက် လေယာဉ်ဦးစိုက်လည်ကျကာ လေယာဉ်မှူးက ထိန်းချုပ်မောင်းနှင်နိုင်ခြင်း မရှိတော့ဘဲ လေယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရတာလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။ ဆိုးရွားတဲ့  ရာသီဥတုမှာ  အပေါ်စီးက  လေဖိတိုက်သလို အောက်က ပင့်ပြီး တိုက်တာနဲ့ ရေခဲမှုဖြစ်ပေါ်ခြင်းစတဲ့  အတိအကျမခန့်မှန်းနိုင်တဲ့  ရာသီဥတုအခြေအနေတွေလည်း  ပါဝင်နိုင်ကြောင်း သုံးသပ်ဖော်ထုတ်ရရှိပါတယ်လို့ သတင်းထုတ်ချက်မှာ ဖော်ပြပါတယ်။ ရှာဖွေဆယ်ယူရရှိတဲ့ လေယာဉ်ရဲ့ အမြီးပိုင်းမှာပါတဲ့  Black Box  နဲ့ CVR-Cockpit Voice Recorder တို့ကို တပ်မတော်လေက ကျွမ်းကျင်သူတွေပါဝင်တဲ့အဖွဲ့နဲ့  သြစတြေးလျနိုင်ငံက DDAAFS အဖွဲ့တို့  ပူးပေါင်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး အခုတွေ့ရှိချက်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဇွန် ၇ ရက်က မြိတ်မြို့ကနေ ရန်ကုန်မြို့ကို ပျံသန်းလာတဲ့ Y8 တပ်မတော်ပို့ဆောင်ရေး လေယဉ်ဟာ  ထားဝယ်မြို့ အနောက်တောင်ဘက် ၄၃ မိုင် အကွာလောက်မှာ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည်နဲ့ လေယာဉ်အမှုထမ်း ၁၂၂ ဦး လိုက်ပါလာတာဖြစ်ပြီး အခုချိန်ထိတော့ အလောင်း ၉၀ ကျေ်ကို ဆယ်ယူရရှိထားပြီး ဖြစ်ပါတယ်။ ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024