Homeမြန်မာသတင်း
တောင်သမန်အင်း ရေတိုးနေချိန် ဦးပိန်တံတားကြံ့ခိုင်မှု ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်
တောင်သမန်အင်း ရေတိုးနေချိန် ဦးပိန်တံတားကြံ့ခိုင်မှု ထိခိုက်မည်ကို ဒေသခံများ စိုးရိမ်
Aung Aung Naing
·
July 19, 2017
မန္တလေး အမရပူရမြို့်နယ် တောင်သမန်အင်းမှာ ရေတက်နေချိန် ဦးပိန်တံတားရဲ့ ကြံ့ခိုင်မှုကို ထိခိုက်စေတဲ့ အပြုအမူတွေ မလုပ်အောင် တားမြစ်ပိတ်ပင်ဖို့ ဒေသခံတွေက လိုလားနေပါတယ်။
ကမ္ဘာလှည့်ခရီးသွားတွေနဲ့ အပန်းဖြေ လာရောက်သူတွေ စည်းကားနေချိန်မှာ တံတားတိုင်လုံးတွေပေါ်ကနေ ကျွမ်းထိုးခုန်ချတာတွေ ရှိနေတာကြောင့် လာရောက် လည်ပတ်သူတွေအတွက် စိတ်အနှာင့်အယှက် ဖြစ်ပေါ်စေပြီး တံတားရဲ့ ကြံ့ခိုင်မှုကို ထိခိုက်မှာ စိုးရိမ်မိတယ်လို့ လာရောက်လည်ပတ်သူ မငြိမ်းမြတ်ဝေက ပြောပါတယ်။
တောင်သမာန်အင်းနေ ဒေသခံ ကိုဝင်းခိုင်က “အခုလို ပြည်တွင်း ပြည်ပ ခရီးသွားတွေ စုံနေချိန်မှာ ဒေသခံ လူငယ်တွေအနေနဲ့ ရေထဲကို ဒိုင်ဗင်ထိုးချတာမျိုးတွေ မလုပ်ကြဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တားမြစ်အရေးယူ ပေးသင့်တယ်။ တံတားကြံ့ခိုင်ရေး အခြေအနေကတော့ ရေအဆမတန်တိုးနေတာကြောင့် အန္တရာယ်ဖြစ်မှာကို စိုးရိမ်မိတယ်”လို့ ပြောပါတယ်။
တံတားပေါ်မှာ ဈေးဆိုင်တွေ ဖွင့်လှစ်ရောင်းချနေတာကြောင့် တံတားလမ်းက ကျဉ်းသွားတဲ့အတွက် ဈေးသည်တွေကိုလည်း ထိထိရောက်ရောက် ဖယ်ရှားပေးစေချင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။