တပ်မတော်သားတဦးနှင့် ရဲတဦးကို အရေးယူပေးရန် တရားရုံးတွင် ဦးတိုက် လျှောက်ထား
DVB
·
July 18, 2017
တပ်မတော်သားတဦးနဲ့ ရဲဝန်ထမ်းတဦးကို အရေးယူပေးဖို့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီက တရားလိုပြုလုပ်ပြီး ရန်ကုန် ဗဟန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ ဦးတိုက် လျှောက်ထားလိုက်ပါတယ်။
တပ်မတော်သားတဦးကို တိုင်ကြားရတဲ့ ကိစ္စကတော့ အများပြည်သူ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးဥပဒေကို ချိုးဖောက်တဲ့အတွက် တိုင်ကြားခဲ့တာဖြစ်ပြီး ဒီတိုင်ကြားမှုဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ဒီတိုင်ကြားမှုနဲ့ ပတ်သက်ပြီး ဗဟန်းရဲစခန်းကို သွားရောက်တိုင်ကြားတဲ့အခါမှာ ရဲလုပ်ထုံး လုပ်နည်းနဲ့ ကျော်လွန်ပြီး အမှုမမြောက်ဘူးလို့ ဝင်ရောက်ဆုံးဖြတ်ခဲ့တာကြောင့် ဒုရဲမှူးကိုပါ အရေးယူပေးဖို့ တရားရုံးမှာ ထပ်မံ ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။