A d v e r t i s e m e n t With Us

အိန္ဒိယအစိုးရက တရုတ်-အိန္ဒိယနယ်စပ်တွင် တပ်အင်အား တိုးမြှင့်ချထား

ဓာတ်ပုံ - ndtv
အိန္ဒိအရှေ့မြောက်ပိုင်း တရုတ်-အိန္ဒိယနယ်စပ် စစ်ကင် (Sikkim) ဒေသမှာ နှစ်ဘက်နယ်မြေအငြင်းပွားပြီး အခြေအနေ တင်းမာနေတာမို့ အိန္ဒိယအစိုးရက ဇူလိုင် ၁၈ ရက်နေ့မှာ တပ်အင်အား ၃၅၀ ကို ရုတ်တရက် တိုးမြှင့်ချထားလိုက်ပါတယ်။ အဲ့ဒီစစ်သားတွေဟာ တရုတ်နယ်စပ်အနီးက နာသူလာမြို့မှာ လက်ချင်းယှက် တာဝန်ထမ်းနေပြီး တရုတ်ဘက်ကို နာရီမလပ် မျက်ခြည်မပြတ် စောင့်ကြည့်နေတယ်လို့ အိန္ဒိယအခြေစိုက် NDTV က သတင်းထုတ်ပြန်ပါတယ်။ တရုတ်ဘက်ကလည်း ဘူတန်အပိုင် ဒေါ့ကလမ်နယ်စပ်မှာ ထောက်လှမ်းရေး ဒရုန်းနဲ့အတူ တပ်အင်အား ၃၀၀၀ လောက်ကို တိုးမြှင့်ချထားတယ်လို့ NDTV က ဆိုပါတယ်။ ဒီ့အတွက် နှစ်ဘက်တပ်တွေဟာ နယ်စပ်တြိဂံဒေသမှာ တဘက်နဲ့တဘက် မီတာ ၅၀၀ လောက်အကွာမှာ လက်နက်အပြည့်အစုံနဲ့ နေရာယူထားကြပါတယ်။ တရုတ်နဲ့ အိန္ဒိယဟာ မူလကတည်းက နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး တဘက်နဲ့တဘက် သိပ်ပြီး အမြင်ကြည်လင်တာမျိုး မရှိပါဘူး။ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတော့ အိန္ဒိယ-တရုတ်-ဘူတန် ၃ နိုင်ငံနယ်စပ်အနီးက တရုတ်အပိုင် ဒေါ့ကလမ်-ပလာတောက်ဒေသမှာ တံတားဆောက်နေတဲ့ တရုတ်စစ်သားတွေကို အိန္ဒိယစစ်သားတွေက နယ်စပ်ကိုကျော်ပြီး လာရောက်တားဆီးခဲ့တယ်လို့ တရုတ်ဘက်က စွပ်စွဲပါတယ်။ အိန္ဒိယဘက်ကတော့ အဲ့ဒီနေရာဟာ အိန္ဒိယနဲ့ နိုင်ငံရေး-စစ်ရေး မဟာမိတ်ယူထားတဲ့ ဘူတန်ရဲ့အပိုင်ဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီအချိန်ကစလို့ နှစ်ဘက်အခြေအနေ တင်းမာလာပြီး အပြိုင်အဆိုင် စစ်အင်အားတိုးမြှင့်နေတာဖြစ်ကြောင်း NDTV သတင်းမှာ ဖော်ပြထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up