Home
မြန်မာသတင်း
ပဲတီစိမ်းခင်းကြည့်သူ အမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြံစည်သူကို အမှုဖွင့်
DVB
·
July 18, 2017
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ် အမှတ်-၈ ဗဟိုစိုက်ကွင်း သစ်တောပိုင်မြေထဲမှာ စိုက်ပျိုးထားတဲ့ ပဲတီစိမ်းခင်း ကြည့်နေတဲ့ အမျိုးသမီးကို အဓမ္မပြုကျင့်ဖို့ ကြံစည်တဲ့ စိုးမြင့်သိန်းကို ဇူလိုင်လ ၁၇ ရက် ညနေ ၅ နာရီမှာ အမှုဖွင့်တယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။ ဒုရဲအုပ်အောင်ကိုကိုက “ခင်ပွန်းဆုံးတာ တနှစ်လောက်ရှိပြီ၊ ကလေး ၃ ယောက်ရှိတယ်။ ပဲတီစိမ်းခင်းထဲ ငှက်ထောင်ချောက် လုပ်နေတဲ့ စိုးမြင့်သိန်းက နောက်က သိုင်းဖက်တယ်။ ငါ မနေနိုင်လို့ပါဆိုပြီး တွန်းလှဲတာကို ရုန်းပြီး ထွက်ပြေးခဲ့ရတယ်။ ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီမှာ ဖြစ်ခဲ့တာ။ ဒီနေ့ အမှုလာဖွင့်ပါတယ်”လို့ ပြောပါတယ်။ ဝမ်းတွင်းမြို့မရဲစခန်းက အဓမ္မပြုကျင့်ဖို့ ကြံစည်သူ စိုးမြင့်သိန်းကို အမှုအမှတ် (ပ)၁၅၂/၂၀၁၇ မုဒိမ်းမှု၊ ကြံစည်မှု၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် ဖမ်းဆီး အရေးယူထားပါတယ်။ သတင်း - မောင်မောင်လင်း(ဝမ်းတွင်း)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024