ပါလက်စတိုင်းလူအုပ်နှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခဖြစ် (ရုပ်သံ)

586
ပါလက်စတိုင်းလူအုပ်နှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့... အစ္စရေးအစိုးရရဲ့ လုံခြုံရေးအစီအမံသစ်ကို ဆန့်ကျင်တဲ့ ပါလက်စတိုင်းလူအုပ်နဲ့ အစ္စရေးလုံခြုံရေးတပ်ဖွဲ့တွေအကြား ဇူလိုင် ၁၇ ရက်နေ့က ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။ အစ္စရေးနိုင်ငံ လိုင်းယွန်းဂိတ်အနီးက အယ်လ်အက်ဆာဗလီရဲ့ ဝင်ပေါက်တခုနားမှာ ဗလီဝတ်ပြုဖို့ လာရောက်သူတွေနဲ့ အစ္စရေး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပဋိပက္ခ ဖြစ်ပွားခဲ့တာပါ။ အစ္စရေးလုံခြုံရေးတပ်ဖွဲ့က ဆန္ဒပြသူတွေကို ခြောက်လှန့်တဲ့အနေနဲ့ မီးပန်းလက်ပစ်ဗုံးတွေ ပစ်ခတ်ပြီး လူစုခွဲခဲ့ပါတယ်။ အယ်လ်အက်ဆာဗလီနားမှာ လွန်ခဲ့တဲ့ရက်ပိုင်းက ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ဗလီဝင်ပေါက်မှာ ဗုံးရှာဖွေရေးကိရိယာ တပ်ဆင်ခဲ့တာကို ပါလက်စတိုင်းတွေက မကျေနပ်တဲ့အတွက် ဗလီဝင်ပေါက်နားမှာပဲ ဆန့်ကျင်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ ဇူလိုင် ၁၄ ရက်နေ့က အဲဒီဗလီအနားမှာ သေနတ်သမားတွေက အစ္စရေးရဲတပ်ဖွဲ့ဝင်နှစ်ဦးကို ပစ်ခတ်ခဲ့အပြီး ဗလီဝင်ပေါက်မှာ အခုလို လုံခြုံရေးဗုံးရှာဖွေရေး ကိရိယာကို တပ်ဆင်ခဲ့တာ ဖြစ်ပါတယ်။