A d v e r t i s e m e n t With Us

ရက်ရှ်ဖို့ဒ်၏ ခြေစွမ်းတိုးတက်လာမှုအပေါ် နည်းပြ မော်ရင်ဟို ချီးကျူး

လူငယ်တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်း တိုးတက်လာမှုနဲ့ပတ်သက်ပြီး မန်ယူနည်းပြ မော်ရင်ဟိုက ချီးကျူး ပြောကြားလိုက်ပါတယ်။ အသက် ၁၉ နှစ်သာရှိသေးတဲ့ အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ အမေရိကန်ကလပ် အယ်လ်အေဂလက်ဇီနဲ့ ခြေစမ်းပွဲမှာ ၂ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ မိမိ အသင်းဆီရောက်လာတဲ့ ၁၃ လအတွင်း ရုပ်ပိုင်းဆိုင်ရာတွေဖြစ်တဲ့ အရပ်အမောင်းနဲ့ ခန္ဓာကိုယ်ကြီးထွားမှု ရှိလာသလို ခြေစွမ်းလည်း တိုးတက်လာတယ်လို့ မော်ရင်ဟိုက ဆိုပါတယ်။ မန်ယူအသင်းကို တိုက်စစ်မှူးသစ် လူကာကူ ရောက်ရှိလာတာကြောင့် လူငယ်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်အနေနဲ့ ပုံမှန်ပွဲထွက်ခွင့်ရဖို့ အခွင့်အရေး နည်းနေပေမယ့် လျင်မြန်တဲ့ ကစားသမားတဦး ဖြစ်လို့ အသင်းအတွက် အရေးပါတဲ့ ကစားသမားဖြစ်တယ်လို့ မော်ရင်ဟိုက ပြောပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ အတွေ့အကြုံကောင်းတွေ ရရှိထားတဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီနှစ်ရာသီမှာ ဂိုးတွေ ပိုသွင်းနိုင်လိမ့်မယ်လို့လည်း နည်းပြ မော်ရင်ဟိုက မျှော်လင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up