ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သတ်၍ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်
DVB
·
July 18, 2017
ပြီးခဲ့တဲ့၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာခဲ့တဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။
ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း၊ ဒါန-ရှေ့ဆောင် မြန်မာအဖွဲ့နဲ့ အောက်ချင်း လူမှုအဖွဲ့အစည်းတို့ ပူးပေါင်းပြီးထုတ်ပြန်ခဲ့တာပါ။
ဒီအစီရင်ခံစာမှာ ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာမှ ပထမဆုံး ရွေးကောက်ပွဲ စတင်ကျင်းပခဲ့တဲ့ ရှမ်းပြည်နယ် ကျေးသီး၊ မိုင်းရှုးမြို့နယ်နဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ လူနည်းစုတိုင်းရင်းသားဒေသတွေမှာ အားနည်းမှုတွေရှိခဲ့တယ်လို့ ထောက်ပြထားပါတယ်။
အဲဒီအားနည်းချက်တွေကတော့ ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးတဲ့ လုပ်ငန်းစဉ်တွေ၊ မဲဆွယ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေ၊ မဲဆန္ဒရှင်စာရင်းပြုစုရာမှာ ရွှေ့ပြောင်းနေထိုင်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို ထည့်သွင်းစဉ်းစားမှုတွေ အားနည်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။