A d v e r t i s e m e n t With Us

အကူအညီခေါ်ခဲ့သည့် အမျိုးသမီးကို ရဲကပစ်သတ်ခဲ့မှု စုံစမ်းစစ်ဆေး

ဓာတ်ပုံ - ရိုက်တာ
အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မင်နီယာပေါလစ်စ်မြို့မှာ အကူအညီခေါ်ခဲ့တဲ့ သြစတြေးလျ အမျိုးသမီးတဦးကို ရဲက ပစ်သတ်ခဲ့တဲ့အမှု စုံစမ်းစစ်ဆေးနေပါတယ်။ ဇူလိုင် ၁၅ ရက် ညဘက်က သူပစ်သတ်ခံခဲ့ရတဲ့ လမ်းကြားထိပ်မှာ လူပေါင်းတရာလောက် စုဝေးပြီး ပူဆွေးဝမ်းနည်းမှုကို ပြခဲ့ကြပါတယ်။ စုရုံးရောက်ရှိလာကြသူတွေက ဘာကြောင့် ရဲကပစ်ခဲ့တယ်ဆိုတာနဲ့ ရဲတွေရဲ့ခန္ဓာကိုယ်မှာ တပ်ထားတဲ့ ကင်မရာတွေ ဘာကြောင့်ပိတ်နေရသလဲ ဆိုတာကို မေးခွန်းထုတ်ခဲ့ကြပါတယ်။ ရဲတွေက တိုက်ခိုက်မှုခံနေရကြောင်း အကြောင်းကြားလို့ အဲဒီနေရာကို သွားရောက်ပြီး ပစ်ခတ်မိခဲ့တာလို့ ပြောပါတယ်။ ပစ်ခတ်ချိန်မှာ ရဲတွေရဲ့ ခန္ဓာကိုယ်ကင်မရာနဲ့ ကားဒက်ရှ်ဘုတ်ကင်မရာ ၂ ခုလုံး မဖွင့်ထားတာကြောင့် စုံစမ်းစစ်ဆေးရေး အရာရှိတွေက အခင်းဖြစ်ခဲ့ရာနေရာ အနီးတဝိုက်ရှိ လုံခြုံရေးကင်မရာတွေက မှတ်တမ်းတွေကို ရှာဖွေနေကြပါတယ်။ သေဆုံးခဲ့တဲ့ အမျိုးသမီးဟာ စုပေါင်းတရားထိုင်ဖြစ်ကြဖို့ ဦးဆောင်ပေးလေ့ရှိသူ ဖြစ်တယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up