Home
မြန်မာသတင်း
Clean Yangon ကမ်ပိန်း အမှိုက်ကောက်လှုပ်ရှားမှု အာဇာနည်နေ့တွင် ပြုလုပ်မည်
သူဇာလင်း
·
July 17, 2017
ရန်ကုန်မြို့မှာ ပြုလုပ်မယ့် တတိယအကြိမ် Clean Yangon ကမ်ပိန်း အမှိုက်ကောက်လှုပ်ရှားမှု အစီအစဉ်ကို ဇူလိုင်လ ၁၉ ရက် အာဇာနည်နေ့ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအမှိုက်ကောက်အစီအစဉ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာနနဲ့အတူ လူမှုရေးအဖွဲ့အစည်းတွေ ပရဟိတအဖွဲ့ပေါင်း ၄၀ ကျော်က စုပေါင်း အမှိုက်ကောက်ကြမှာ ဖြစ်ပါတယ်။ လူဦးရေ ၁၂၀၀ ပါဝင်မယ့် Clean Yangon Campain အမှိုက်ကောက် အစီအစဉ်ကို အဖွဲ့ ၃ ဖွဲ့ ခွဲပြီး ပြည်လမ်းတလျှောက်နဲ့ ဦးဝိစာရလမ်း၊ မပိုလမ်းနဲ့၊ မြေနီကုန်း ခုံးကျော်တံတား စတဲ့ စမ်းချောင်းမြို့နယ်တဝိုက်မှာ အမှိုက်ကောက်သွားမှာ ဖြစ်ပါတယ်။ Clean Yangon Campain အနေနဲ့ ကဆုန်လပြည့်နေမှာ ရွှေတိဂုံဘုရား အနီးပတ်ဝန်းကျင်မှာ ပထမအကြိမ်နဲ့ ဇွန်လ ၁၁ ရက်နေ့မှာ မဟာဗန္ဓုလပန်းခြံပတ်ဝန်းကျင်အနီး ကျောက်တံတားမြို့နယ်နဲ့ ပန်းဘဲတန်းမြို့နယ်တွေမှာ ဒုတိယအကြိမ်အဖြစ် အမှိုက်ကောက် လှုပ်ရှားခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024