အမေရိကန်တွင် မြစ်ရေရုတ်တရက် မြင့်တက်မှုကြောင့် လူ ၉ ဦး သေဆုံး
Published By
DVB | 17 July, 2017
326
0
Share
0
Comment
0
Likes
အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်မှာ ဇူလိုင် ၁၆ ရက်နေ့က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မြစ်ရေရုတ်တရက် တက်လာတာကြောင့် မြစ်အတွင်း ရေကူးနေတဲ့ လူ ၉ ဦး ရေနစ်သေဆုံးသွားပါတယ်။
သေဆုံးသွားသူတွေထဲမှာ အနည်းဆုံး ကလေးနှစ်ဦး ပါဝင်တယ်လို့ ဒေသခံသတင်းတွေမှာ ဖော်ပြထားပါတယ်။
ဒီဒေသဟာ အခုလို မိုးသည်းထန်စွာမရွာခင်က မိုးခေါင်နေတာလည်း ဖြစ်ပါတယ်။
အခုလို မြစ်ရေ ရုတ်တရက်တိုးလာတာကြောင့် သေဆုံးသူ ၉ ဦးအပြင် ပျောက်ဆုံးနေသူ ၁ ဦးကိုလည်း တာဝန်ရှိသူတွေက ရှာဖွေနေပါတယ်။ အခုဖြစ်ရပ်ဟာ အရီဇိုးနားပြည်နယ်မှာရှိတဲ့ ဗာဒီမြစ်မှာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။