Home
မြန်မာသတင်း
ငါးခူရရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်မှု တရားခံပြေး ၆ ဦးဖမ်းဆီးရမိ
DVB
·
July 17, 2017
ငါးခူရရဲစခန်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်စဉ်အမှုမှ တရားခံပြေး အမျိုးသား ၆ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခဲ့တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။ မောင်တောမြို့နယ် အောက်ပြူးမကျေးရွာမှာ  BD/တရားခံပြေးတွေ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ဇူလိုင် ၁၅ရက် မနက်က အောက်ပြူးမကျေးရွာမှာ  အိမ်ထောင်စုစာရင်းတွေကို တရားခံပြေးစာရင်းတွေနဲ့ တိုက်ဆိုင်စစ်ဆေးစဉ်မှာ  အိမ်ထောင်စုအမှတ် ၄၇မှာ နေထိုင်တဲ့ တရားခံပြေး မော်လဝီအီခရစ် ၃၈ နှစ် ပါ အမျိုးသား ၆ ဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။ လတ်တလော ဖမ်းမိတဲ့  တရားခံပြေးတွေကို ငါးခူရ နယ်မြေစခန်းမှာ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ရခိုင်ပြည်နယ် မောင်တော မြောက်ပိုင်းက  ငါးခူရ ရဲစခန်းကို ၂၀၁၆ခုနှစ် အောက်တိုဘာလက အကြမ်းဖက်တိုက်ခိုက်ခံခဲ့ရတာ jဖစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်၁၅ ရက်ကလည်း   မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာနဲ့ ငါးစားကြူးကျေးရွာအကြားမှာ အစွန်းရောက် အကြမ်းဖက်တွေ ထောင်ထားတယ်လို့ ယူဆရတဲ့ ဒေသန္တရ လက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ ၃ ဦး သေ၊ ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ Photo - State Counsellor Office Information Committee
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024