Homeမြန်မာသတင်း
မိတ္ထီလာတွင် မဘသဆိုင်းဘုတ် ဖြုတ်ချပြီး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်
မိတ္ထီလာတွင် မဘသဆိုင်းဘုတ် ဖြုတ်ချပြီး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်
DVB
·
July 17, 2017
မိတ္ထီလာမြို့ ဈေးအရှေ့ပြင်ရပ် ဝေယံဘုံသာကျောင်းတိုက်မှာ ဇူလိုင် ၁၆ ရက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဆိုင်းဘုတ်အစား ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ်ပြန်တင်ပါတယ်။
မိတ္ထီလာမြို့နေ ကိုတင်ထွန်းက “နေ့လယ် ၁ နာရီမှာ အမျိုးဘာသာ သာသနာ ဆိုင်ဘုတ်ကို အောက်ချပြီး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်း ဆိုင်းဘုတ် ပြန်တင်လိုက်တယ်။ ဆရာတော် ၃ ပါးနဲ့ လူ ၃၀ လောက် ရှိမယ်ထင်တယ်” လို့ ပြောပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)