A d v e r t i s e m e n t With Us

၁၅ နှစ်သမီးအား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့မှု နှစ် ၄၀ ကျော်မှ တရားခံအစစ် စစ်သားကို ဖော်ထုတ်နိုင်

ပြစ်မှုကျူးလွန်ခဲ့သည့် စတီဗင်ဟို။ (ဓာတ်ပုံ - Andrew Price/View Finder Pictures)
အင်္ဂလန်နိုင်ငံမှာ အသက် ၁၅ နှစ်အရွယ် ဆယ်ကျော်သက် မိန်းကလေးတဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့တဲ့ အမှုမှာ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံ စစ်သားကို နှစ် ၄၀ ကျော်ကြာမှ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဒေးလီးမေးလ်သတင်းမှာ ဇူလိုင် ၁၄ ရက်နေ့က ဖော်ပြပါတယ်။ ပြစ်မှုကျူးလွန်ခဲ့တဲ့ တရားခံဟာ အသက် ၅၈ နှစ်အရွယ် စစ်သားဟောင်း စတီဗင်ဟို ဖြစ်တယ်လို့ မိုးလ်ဒ်ခရောင်းတရားရုံး တရားသူကြီးတွေက စစ်ဆေးတွေ့ရှိပြီး ဆုံးဖြတ်နိုင်ခဲ့ကြတာပါ။ ဒီအဖြစ်အပျက်ဟာ ၁၉၇၆ ခုနှစ်က ဖလင့်တ်မြို့မှာ ဖြစ်ခဲ့ပြီး စတီဗင်ဟိုဟာ အသက် ၁၅ နှစ်အရွယ် ဂျဲနက်ကော်မင်ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့ကာ တခြားအမျိုးသားတဦးဖြစ်တဲ့ နိုးဂျုံးစ်ကို ပြစ်ဒဏ်ကျခံစေခဲ့တာ ဖြစ်ပါတယ်။ ဂျုံးစ်ဟာ အဲဒီပြစ်မှုတွေအတွက် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ခံရကာ အကျဉ်းထောင်အတွင်း ၆ နှစ် ပြစ်ဒဏ်ကျခံခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ်က စတီဗင်ဟိုရဲ့ ဒီအန်အေကိုယူပြီး ရဲတွေက စစ်ဆေးကြည့်ချိန်မှာ ဂျဲနက်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ တွေ့ရှိခဲ့ရပြီး နှစ် ၄၀ ကျော်ကြာအောင် သိမ်းဆည်းထားတဲ့ ဒီအန်အေနမူနာနဲ့ တူညီနေတာကို တွေ့ရှိခဲ့ကြတာပါ။ မိုးလ်ဒ်ခရောင်းတရားရုံးမှ တရားသူကြီးတွေက စတီဗင်ဟိုရဲ့ ဒီအန်အေက တခြားသူတွေရဲ့ ဒီအန်အေထက်စာရင် ဂျဲနက်ကိုယ်ပေါ်မှာ သိမ်းထားတဲ့ နမူနာဒီအန်အေနဲ့ လုံးဝနီးပါးတူနေတဲ့ ထူးခြားချက်တွေကို သိရှိလိုက်ရတာလို့ ဆိုပါတယ်။ စတီဗင်ဟိုက ငြင်းဆန်ခဲ့ပေမယ့် တရားရုံးမှာ ၃ ပတ်ကြာ ကြားနာစစ်ဆေးမှု အပြီးမှာတော့ အဓမ္မပြုကျင့်မှု၊ စအိုကို အဓမ္မပြုကျင့်မှု၊ လူသတ်မှု စတဲ့အမှုတွေနဲ့ တရားရုံးက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ မြောက်ပိုင်းဝေလခရိုင် ရဲတွေဟာ ဒီအမှုနဲ့ပတ်သက်ပြီး ၁၉၇၆ ခုနှစ်က ဘယ်လို စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့တယ်၊ အပြစ်မဲ့တဲ့ ဂျုံးစ် ပြစ်ဒဏ်ကျခံရတာတွေအတွက် လက်ရှိအချိန်မှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေကြပါတယ်။ အဲဒီအချိန်တုန်းကတော့ ဂျုံးစ်ကို ဖိအားတွေ ပေးထားတဲ့အတွက် သူအပြစ်ကင်းတာကို သူ့ဟာသူ သိရှိပေမယ့် အပြစ်ရှိတယ်လို့ ဝန်ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ဂျုံးစ်က သူ့ကို ရဲအရာရှိတွေက မေးခွန်းတွေနဲ့ ဂျဲနက်ကို သူသတ်တာပါလို့ ဝန်ခံလာတဲ့အထိ ဖိအားပေးခံခဲ့ရတယ်လို့ ပြောပါတယ်။ “ရဲတွေက ပြစ်မှုအတွက် တယောက်ယောက်ကို လိုအပ်နေတယ်လေ၊ အဲဒီ ပြစ်ဒဏ်အတွက် ကျနော်က ခံလိုက်ရတယ်” လို့ ဂျုံးစ်က တရားသူကြီးတွေကို ပြောခဲ့တာပါ။

A d v e r t i s e m e n t With Us

More News
Up