အာဆင်နယ်တွင် ဆက်ရှိမရှိ ဆုံးဖြတ်ပြီးဖြစ်ဟု ဆန်းချက်ဇ်ပြော

715
အာဆင်နယ်အသင်းမှာ ဆက်ရှိမရှိနဲ့ပတ်သက်ပြီး ဆုံးဖြတ်ပြီးဖြစ်တယ်လို့ တိုက်စစ်မှူး ဆန်းချက်ဇ်က ပြောကြားလိုက်ပါတယ်။
ချီလီသတင်းစာတခုနဲ့ အင်တာဗျူးမှာ အခုလိုပြောကြားခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့ အကြောင်းပြန်ကြားမှုကို စောင့်မျှော်နေတယ်လို့လည်း ဆန်းချက်ဇ်က ပြောပါတယ်။
လက်ရှိအချိန်မှာ မိမိဟာ အာဆင်နယ်ကစားသမားတဦးဖြစ်ပြီး လာမယ့်ရာသီအကုန်မှာတော့ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်တယ်လို့ ဆန်းချက်ဇ်က ဆက်ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲ ကစားခဲ့တဲ့ ဆန်းချက်ဇ်ကို နားရက်ပေးထားပြီး ရာသီကြို ခြေစမ်းခရီးစဉ်တွေမှာ ခေါ်ယူလိုက်ပါစေခြင်း မရှိပါဘူး။
ဆန်းချက်ဇ်အတွက် လုပ်ခတိုးမြှင့်ပြီး စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းထားပေမယ့် ဆန်းချက်ဇ်ဘက်က ပယ်ချထားတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရပြီး ချန်ပီယံဖလား ဆွတ်ခူးနိုင်ဖို့က မိမိရဲ့ ငယ်ဘဝအိပ်မက်ဖြစ်တယ်လို့လည်း ဆန်းချက်ဇ်က ပြောပါတယ်။
အာဆင်နယ်အသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရတဲ့အတွက် ဆန်းချက်ဇ်အနေနဲ့လည်း အသင်းကနေထွက်ခွာဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဆန်းချက်ဇ်ကို မန်စီးတီးအသင်းကလည်း ကမ်းလှမ်းထားပေမယ့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကတော့ အသင်းပြောင်းရွှေ့ခွင့် ပေးမှာမဟုတ်ဘူးလို့ သြစတြေးလျ ခြေစမ်းခရီးစဉ်မှာ ပြောကြားထားပါတယ်။