A d v e r t i s e m e n t With Us

ရွာသူကြီးနှင့် မိသားစုဝင်များအား သတ်ခဲ့သည့် တရားခံများကို ဖမ်းမိပြီ

ထိုင်းတောင်ပိုင်ပိုင်း ကရပီခရိုင် အောဝ်လိုတ်မြို့နယ်ထဲမှာ လွန်ခဲ့တဲ့ ၆ ရက်က ရွာသူကြီးနဲ့ မိသားစုဝင်အားလုံးကို အိမ်ထဲဝင်ရောက်ပစ်သတ်သွားတဲ့ တရားခံတွေ ဖမ်းဆီးရမိပြီလို့ ထိုင်း အမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီးက ပြောပါတယ်။ သူကြီးအပါအ၀င် လူ ၈ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တဲ့ အမှုက အဓိက တရားခံမှာ ကရပီခရိုင်မှ  ငွေတိုးချေးခြင်း၊ အပေါင်ပစ္စည်းလက်ခံခြင်းအလုပ် လုပ်နေသူ အသက် ၄၁ နှစ်ရွယ် နိုင်း ဆူရိဖတ် ခေါ် ပန်ဖတ်ဆိုသူ ဖြစ်တယ်လို့  နယ်မြေထဲကိုယ်တိုင်ကိုယ်ကျ ၀င်ေ ရာက်စစ်ဆေးနေတဲ့ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကျကထစ်ပ် ချိုင်းဂျင်းဒါးက သတင်းေ ထာက်တွေကို ပြောပါတယ်။ လူသတ်မှုဖြစ်ပွားရတဲ့အကြောင်းမှာ အသတ်ခံရတဲ့ သူကြီးဖြစ်သူ နိုင်းဝေါ်ရယုဒ်ဟာ လွန်ခဲ့တဲ့ တနှစ်က နိုင်းပန်ဖတ်ထံမှ အိမ်အပေါင်ထားပြီး ငွေဘတ် ၁ သန်းနဲ့ ၃ သိန်း ချေးငှား ခဲ့ကြောင်း၊ နိုင်းဝေါ်ရယုဒ်မှ ချေးငွေတွေ အားလုံးပြန်ဆပ်ခဲ့ပေမယ့် နိုင်းပန်ဖတ်က အိမ်ဂရံကို ပြန်မပေးတဲ့အတွက် နှစ်ဦးသား အချင်းများပြီး နှစ်ဘက်အပြန်အလှန်ခြိမ်းခြောက်ရာက လူသတ်မှုဖြစ်ခဲ့ရတာလို့ ဆိုပါတယ်။ ထိုင်းရဲချုပ်ကြီးနဲ့ တာဝန်ရှိသူတွေဟာ ဖမ်းထားတဲ့ တရားခံတဦးနဲ့အတူ ဒီကနေ့မနက် ၂ နာရီက ဖန်ငါးမြို့နယ် တတ်ဒက်ရပ်ကွက် ပါကော်အုပ်စုတွင်းရှိ အိမ်တအိမ်ကို ၀င်ရောက်ပြီး လူသတ်မှုနဲ့ ဆက်စပ်တဲ့ သက်သေခံပစ္စည်းတွေ လာရောက်ရှာဖွေခဲ့ပါတယ်။ အဆိုပါအိမ်ဝင်းထဲရှိ နေရာပေါင်း ၅ ခုမှာ မြေကြီးထဲမြှုပ်နှံထားတဲ့ တယ်လီဖုန်းဆင်းမ်ကတ် ၅ ခု၊ လက်ထိတ်နဲ့ လက်အိတ် ၂ စုံ၊ အသတ်ခံရတဲ့ သူကြီးရဲ့ သေနတ် နဲ့ အခြား ပစ္စတို သေနတ် ၃ လက်၊ ပြောင်းရှည်သေနတ် နဲ့ ကျည်ဆန်တွေ အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။ အခင်းဖြစ်ပွားတဲ့နေ့က အဓိကတရားခံ နိုင်းပန်ဖတ်ဟာ နောက်လိုက်ငယ်သား ၆ ဦးနဲ့အတူ သူကြီးအိမ်ကို ရောက်လာခဲ့ကြောင်း၊ အစက သူကြီးမိသားစု ၆ ဦးလုံးကို ပစ်သတ်ဖို့ ကြံ စည်ပေမယ့် အိမ်ထဲရောက်တော့ မဆိုင်သူတွေကိုပါ တွေ့ရတဲ့အတွက် အစီအစဉ်ကွဲ လွဲခဲ့ကြောင်း၊ နောက်လိုက်တွေက မဆိုင်သူတွေ ပစ်သတ်ရမှာ လက်နှေးနေလို့ နိုင်းပန်ဖတ် ကိုယ်တိုင် ကျန်တဲ့လူတွေကို တရစပ်ပစ်ခတ်ခဲ့တာလို့ ဖမ်းဆီးရမိသူတဦးက ဖြောင့်ချက်ပေး ပါတယ်။ ထိုင်းရဲတပ်ဖွဲ့က လူသတ်မှုအဓိက ခေါင်းဆောင် နိုင်းပန်ဖတ်ကို ဖူးကစ်မြို့မှာ ဖမ်းဆီးရမိပြီး ကျန်တဲ့အပေါင်းပါ အားလုံးကိုလည်း ဖမ်းဆီးရရှိပြီဖြစ်ကြောင်း ၊ ဒီကနေ့ ညနေပိုင်းမှာ အမှုနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို  ပြုလုပ်သွားမယ်လို့ ခေါင်ဆွတ် သတင်းမှာ ဖော်ပြသွားပါတယ်။

A d v e r t i s e m e n t With Us

More News
Up