Live
Home
မြန်မာသတင်း
YBS အားလုံး ဇူလိုင်လကုန်နောက်ဆုံး အလုံးစုံအာမခံထားရန် ညွှန်ကြား
အာကာ
·
July 16, 2017
  ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ကားအားလုံး ဇူလိုင်လကုန်နောက်ဆုံးထားပြီး အလုံးစုံ အာမခံထားရှိဖို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ညွှန်ကြားလိုက်ပါတယ်။ ဇူလိုင် ၁၅ ရက်နေ့က ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ YBS ယာဉ်လိုင်းတွေ အစည်းအဝေးမှာ အခုလိုညွှန်ကြားလိုက်တယ်လို့ အစည်းအဝေးတက်ရောက်ခဲ့တဲ့ Power Eleven ကုမ္ပဏီက ဒါရိုက်တာ ကိုတရုတ်လေးက ပြောပါတယ်။ ကိုတရုတ်လေးက ခရီးသွားပြည်သူတွေ၊ ယာဉ်လုပ်သားတွေအတွက် အလုံးစုံ အာမခံထားဖို့ YRTA ဥက္ကဋ္ဌ လျှပ်စစ် လမ်းပန်းဆက်သွယ်ရေးနဲ့ စက်မှုလက်မှုဝန်ကြီး ဒေါ်နီလာကျော်က ညွှန်ကြားလိုက်တာပါ။ “စစ်ဆေးမှုအနေနဲ့ကတော့ ကညနမှာ လုပ်ငန်းလိုင်စင် သက်တမ်းတိုးရင် YRTA ထောက်ခံချက်လိုပါတယ်။ အာမခံ မထားရင် ထောက်ခံချက် မပေးပါဘူး။ အဲဒီ့အတွက် လုပ်ငန်းလည်း ဆက်လုပ်လို့ မရနိုင်ပါဘူး။ ဒီလိုနည်းနဲ့ စည်းကမ်း သတ်မှတ်ထားပါတယ်။ အာမခံကုမ္ပဏီတွေထဲက ဘယ်ကုမ္ပဏီမှာ ထားထားရပါတယ်။ အလုံးစုံ အာမခံ ဖြစ်တဲ့အတွက် ယာဉ်ရဲ့ထိခိုက်မှုရော၊ ယာဉ်ပေါ်ပါသူအားလုံးရဲ့ ထိခိုက်မှုတွေလည်း ပါပါတယ်”လို့ ဒီဗွီဘီကို ပြောပါတယ်။ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ YBS 37 နဲ့ YBS 55 တို့ တိုက်ခဲ့တဲ့ ဖြစ်စဉ်အပြီး အခုလို YBS ကားအားလုံး အာမခံထားဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024