Home
မြန်မာသတင်း
ကရင်ပြည်နယ်ဝန်ကြီးချုပ် ကျန်းမာရေးကောင်းလာ၍ ရက်ပိုင်းအတွင်း ဆေးရုံက ဆင်းမည်
အာကာ
·
July 16, 2017
ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ကျန်းမာရေးကောင်းမွန်လာကာ လာမယ့်ရက်ပိုင်းအတွင်း ဆေးရုံက ဆင်းပြီး ကရင်ပြည်နယ်ကို ပြန်တော့မယ်လို့ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ဒီဗွီဘီကို ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ခြေထောက်ကို ဇူလိုင် ၁၅ ရက်နေ့က ခွဲစိတ်ကုသခဲ့ပြီး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ဦးတေဇထွဋ်လှိုင်ထွေးက ကျန်းမာရေးကောင်းပါတယ်။ ထိုင်နိုင်ပြီ။ စားသောက်နိုင်ပါတယ်။ ဆရာဝန်တွေက ရက်ပိုင်းလောက် ခြေထောက်ကို အနားပေးထားဖို့ ပြောပါတယ်။ ခွဲစိတ်မှုကလည်း ဘာမှ အစားမထိုးရပါဘူး။ အောင်အောင်မြင်မြင်ပါပဲ။ ၁ ရက် ၂ရက် နေရင် ကရင်ပြည်နယ်ပြန်မှာပါ။ ဝန်ကြီးချုပ်ကတော့ ဘားအံပြန်ရောက်တာနဲ့ ထိုင်ပြီး လုပ်လို့ရတဲ့အလုပ်တွေ စလုပ်တော့မယ်” လို့ ပြောပါတယ်။ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ဇူလိုင် ၁၄ ရက်နေ့ မနက်ပိုင်းက တောင်ကလေးဆရာတော်ဘုရားကြီးရဲ့ မွေးနေ့ ပါရမီတံတားဖွင့်ပွဲကိုအသွား ဝန်ကြီးချုပ်ရဲ့ မော်တော်ယာဉ် တိုက်လော့ပြုတ်ပြီး လမ်းဘေးကျွန်းပင်ကို ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့တာကြောင့် ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟာ ဇူလိုင် ၁၄ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်ဆေးရုံကြီးကို ဆေးတက်ရောက်ကုသဖို့အတွက် ရောက်ရှိလာတာဖြစ်ပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံရယူနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦးလည်း ကရင်ပြည်နယ်ဝန်ကြီးချုပ်ကို ကြည့်ရှုခဲ့ပါတယ်။ အာကာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024