A d v e r t i s e m e n t With Us

စပါးညာနောက်ခံလူ ဝေါ်ကာကို မန်စီးတီး ပေါင်သန်း ၅၀ ဖြင့် ခေါ်ယူ

မန်စီးတီးအသင်းက စပါးအသင်း ညာနောက်တန်းသမား ဝေါ်ကာကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူလိုက်ပါတယ်။ မန်စီးတီးအသင်းက ဝေါ်ကာကို ၅ နှစ်စာချုပ်နဲ့ သဘောတူထားတာပါ။ နောက်တန်းကစားသမားတွေထဲမှာတော့ မန်စီတီး ကစားသမား ဝေါ်ကာဟာ ဘရာဇီး ကစားသမား ဒေးဗစ် လု့စ်နဲ့အတူ ဈေးအကြီးဆုံး ကစားသမားအဖြစ် ပူးတွဲ မှတ်တမ်းဝင်သွားပါတယ်။ အသက် ၂၇ နှစ်အရွယ် အင်္ဂလန်ကစားသမားဟာ အသင်းသစ်မန်စီးတီးမှာ ကျောနံပါတ် ၂ ကို ၀တ်ဆင်ရမှာ ဖြစ်ပါတယ်။ သူဟာပြီးခဲ့တဲ့ ရာသီက စပါးအသင်းအတွက် ခြေစွမ်းပြပြီး ပွဲပေါင်း ၂၇ ပွဲ ကစားပေးထားပါတယ်။ ဝေါ်ကာဟာ ၂၀၀၉ မှာ ရှဖီးယူနိုက်တက်အသင်းကနေ စပါးစ်အသင်းကိုရောက်ရှိ လာပြီး ပရီမီးယားလိဂ်ပွဲပေါင်း ၁၈၃ပွဲ ကစားပေးထားပါတယ်။ သူဟာ တစ်ပတ်လစာ အနေနဲ့ ပေါင် ၁၃၀၀၀၀ အထိ ရရှိမှာဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up