Home
မြန်မာသတင်း
ချောက်​မြို့နယ်​တွင် ဆိုင်ကယ်ဦးထုပ် ဝေငှပြီး အသိပညာပေးမှုများ ပြလုပ်
DVB
·
July 15, 2017
  ချောက်မြို့နယ် သွေးမေတ္တာပရဟိတ အသင်းနှင့် မြို့နယ်ယဉ်စည်းကမ်း ကြီးကြပ်ရေး (မြို့မရဲစခန်း) တို့ ပူပေါင်းပြီး ဆိုင်ကယ်စီးဦးထုပ်တွေ ဝေငှတာနဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးမှုတွေ ဒီနေ့ မနက် ၈ နာရီခွဲလောက်က ပြုလုပ်ခဲ့ပါတယ်။ သွေးမေတ္တာ ပရဟိတအသင်းက ဦးစီးဆောင်ရွက်ပြီး ချောက်မြို့ လမ်းမတော်လမ်းနဲ့ ပျဉ်းမလမ်းစုံ မြို့မရဲစခန်းရှေ့မှာ ယဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်သိမ်းရေး မြို့မရဲတပ်ဖွဲ့ဝင်တွေနဲ့ အဖွဲ့အစည်းအသီးသီးပူပေါင်း ပြုလုပ်ခဲ့တာပါ။ မော်တော်ဆိုင်ကယ် မောင်းနှင်စဉ် ဦးထုပ် မပါရှိသူတွေကို သွေးမေတ္တာပရဟိတမှ လှူဒါန်းတဲ့ ဆိုင်ကယ်စီးဦးထုပ်တွေ ဝေငှပေးပြီး အသိပညာပေးခဲ့တာလို့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတာဝန်ခံ မျိုးမြင့်အောင်က ပြောပါတယ်။ “ပညာပေးအနေအထားက ကျနော်တို့အနေနဲ့တော့ ကုန်ပါပီခင်ဗျ/ ပရဟိတအသင်းအနေနဲ့ ဦးထုပ်တွေ ပေးလှူလို့ ဆိုင်ကယ်စီးဦးထုပ်တွေ ဆောင်းရမယ်၊ ယဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာဖို့ ပညာပေး ကဏ္ဍဖြစ်ပါတယ်။ ဆိုင်ကယ်စီး ဦးထုပ်မဆောင်းရင်၊ နံပါတ်ပြား မပါရှိရင် ယဉ်လိုင်စင် ယဉ်မောင်းလိုင်စင် မပါရှိရင် အရှိန်ပို မောင်းနှင်ရင် အရေးယူတော့မှာဖြစ်ပါတယ်။” သွေးမေတ္တာပရဟိတအသင်း (ချောက်) မှ ဦးအေးမင်းထွန်းက “ကျနော်တို့မြို့နယ်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး အသွားအလာတွေမှာ ဆိုင်ကယ်တွေ အသုံးပြုများလာတာတယ်။ အသုံးများတော့ ဆိုင်ကယ်တွေက မတော်မဆ ခဏခဏဖြစ်တယ်။ ဖြစ်တဲ့အချိန်တွေမှာလည်း ဦးထုပ်မပါတဲ့အတွက် အသက်အန္တရာယ် ဆုံးရှုံးရတာတွေ များလာတယ်။ ဒါ့ကြောင့် ဆိုင်ကယ်စီး ဦးထုပ်ကလေးတွေကို အလှူဒါနပြုလုပ်ရင်း ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး အသိပညာပေး ကမ်ပိန်း သဘောမျိုး ပြုလုပ်ရတာဖြစ်ပါတယ်” လို့ ပြောပါတယ်။ ကိုလင်း(ချောက်)  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024