A d v e r t i s e m e n t With Us

ဂျူဗင်နောက်ခံလူ ဘိုနူချီကို ပေါင် ၃၅ သန်းခန့်ဖြင့် အေစီခေါ်ယူ

အီတလီ စီးရီးအေကလပ် အေစီမီလန်အသင်းက ဂျူဗင်တပ် နောက်တန်းသမား လီယိုနာဒို ဘိုနူချီကို ပေါင် ၃၅ သန်း ၀န်းကျင်နဲ့ ခေါ်ယူဖို့ သဘောတူညီချက် ရသွားပါတယ်။ အသက် ၃၀ အရွယ် ဘိုနူချီဟာ အေစီမီလန်အသင်းမှာ ဆေးစစ်မှု ခံယူခဲ့ပြီး ၅ နှစ်စာချုပ်နဲ့ လက်မှတ်ရေးထိုးတာ ဖြစ်ပါတယ်။ သူ့ကို ဂျုဗင်တပ်အသင်းက ပြီးခဲတဲ့ ဒီဇင်ဘာလကမှ ၂၀၂၁ အထိ စာချုပ်သက်တမ်း တိုးထားတာပါ။ အီတလီ နောက်တန်းသမားဟာ ဂျုဗင်တပ်အသင်းမှာ ၇ နှစ်ကြာ ကစားခဲ့ပြီး အမှတ်ပေးဖလား ၆ ကြိမ် ရထားပါတယ်။ နောက်တန်းသမား ဘိုနူချီဟာ အီတလီ လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း ၇၀ ကစားပေးထားပြီး ၅ ဂိုးသွင်းယူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up