A d v e r t i s e m e n t With Us

ဘီယွန်စေး သူမ၏ အမြွှာ ၂ ဦး ဓာတ်ပုံကို ပထမဦးဆုံးအနေဖြင့် ပြသ

ကမ္ဘာကျော်အဆိုတော်တဦးဖြစ်တဲ့ ဘီယွန်စေးက သူမရဲ့အမြွှာကလေး ၂ ဦး အသက် တလပြည့်တဲ့ အထိမ်းအမှတ်အဖြစ် သူမနဲ့အတူ အမြွှာကလေး ၂ ဦး ဓာတ်ပုံရိုက်ထားတဲ့ ပုံကို ပထမဦးဆုံးအနေနဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်ပြီး ဖြန့်ဝေလိုက်တယ်လို့ ဘီဘီစီသတင်းမှာ ရေးထားပါတယ်။ အမေရိကန်အဆိုတော်က ကလေးတွေရဲ့အမည်ကို ဆာကာတာနဲ့ ရူမီဖြစ်ကြောင်း အခိုင်အမာပြောလိုက်ပြီး လူမှုကွန်ရက်မှာ ထုတ်ဖော်ပြသခဲ့တဲ့ပုံမှာ သမီးကလေးတယောက်နဲ့ အမွှာ ၂ ဦးတို့ရဲ့ အသက် ၃၅ နှစ်အရွယ် မိခင်ဖြစ်သူက ခရမ်းရောင်ပန်းပွင့်အဆင်တွေပါတဲ့ အဝတ်စကြီးနဲ့ ကလေးတွေကို ပတ်ထားပြီး အပြာရောင် ခေါင်းဆောင်းကို ဝတ်ဆင်ထားတာကို တွေ့မြင်ရပါတယ်။ ဒီပုံတင်ထားတဲ့ သူမရဲ့အင်စတာဂရမ်စာမျက်နှာမှာ “လိုက်ခ်/ကြိုက်နှစ်သက်မှု” တွေ ၂ သန်းကျော် ရရှိခဲ့ပါတယ်။ အမြွှာကလေးတို့ရဲ့ မိဘတွေဖြစ်တဲ့ ဘီယွန်စေးနဲ့ ရက်ပါ ဂျေဇက်တို့မှာ ဘလူးအိုင်ဗီလို့ ခေါ်တဲ့ ၅ နှစ်အရွယ် သမီးကလေးလည်း ရှိနေတာပါ။

A d v e r t i s e m e n t With Us

More News
Up